Cele News

ချစ်သူကောင်မလေးကို ပရိသတ်တွေရှေ့ချပြလာတဲ့ သရုပ်ဆောင် အောင်ရဲလင်း

ချစ်သူကောင်မလေးကိုပရိသတ်တွေရှေ့ချပြလာတဲ့ သရုပ်ဆောင် အောင်ရဲလင်း

အမိုက်စားဘော်ဒီနဲ့နှာခမ်းနီမလေးတွေအသည်းစွဲအားပေးကြတဲ့မင်းသားချောအောင်ရဲလင်းကတော့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်းပါဝင်သရုပ်ဆောင်ခဲ့ပြီးအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သရုပ်ဆောင်အောင်ရဲလင်းကတော့အနေအေးပြီးသူရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးထုတ်ဖော်ပြောကြားလေ့မရှိသူတစ်ယောက်ပါ။

ဒီနေ့မှာတော့အောင်ရဲလေးကသူချစ်ရတဲ့ချစ်သူကောင်မလေးကိုပရိသတ်ကြီးကိုချပြလာပါတယ်။ဒါကတော့သူရဲ့ချစ်သူကောင်မလေးကသူနဲ့စုံတွဲပုံလေးကိုအောင်ရဲလေးရဲ့ဖေ့ဘုတ်စ်အကောင့်မှာtagတွဲပြီးတင်ထားကာအရမ်းသတိရနေတဲ့အကြောင်းပြောပြလာတာလည်းဖြစ်ပါတယ်။

အောင်ရဲလင်းရဲ့အမျိုးသမီးပရိသတ်တွေကတော့တမျောတသဖြစ်နေပြီး သူတို့ရဲ့မင်းသားသဝန်တိုတဲ့အကြောင့်ကော်မန့်တွေမှာရေးသားထားတာတွေလည်းတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် အောင်ရဲလင်းတို့ရဲ့စုံတွဲပုံလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။

Zawgyi Version




Credit