Cele News

အဆင်မပြေတဲ့အိမ်ခြေ(၅၀၀)အတွက် ဆန်အိတ်များပေးလှူခဲ့တဲ့ ခိုင်နှင်းဝေ

အဆင်မပြေတဲ့အိမ်ခြေ(၅၀၀)အတွက် ဆန်အိတ်များပေးလှူခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့တကယ့်ကိုလေးစားစရာအမျိုးသမီးသရုပ် ဆောင်တစ်ဦးဖြစ်ပါတယ်။သူ့ကိုယ်ကျိုးကိုတောင်စွန့်ပြီးပြည်သူတွေကိုကူညီပေးနေသူပါ။သူမကမိဘမဲ့ကလေးတွေ၊စီးပွားရေးချို့တဲ့မှု့ကြောင့်လာရောက်အကူညီတောင်းကြတဲ့ကလေးတစ်ချို့တွေကိုတရားဝင်ပြုစုစောင့်ရှောက်နေသူပါ။

မေတ္တာတရားကြီးမားတဲ့SingleMotherတစ်ယောက်ပါ၊တစ်ဖက်ကလဲပရဟိတလုပ်ငန်းတွေကိုကြိုးစားလုပ်ကိုင်နေတာပါ၊သူမဆီကိုအလှူ့ရှင်တော်တော်များကလဲလာရောက်လှူဒါန်းကြပါတယ်၊ခုလဲသူမကဆင်းရဲ့ချို့တဲ့တဲ့ပြည်သူတွေအတွက်ဒါနကုသိုလ်လေးပြုခဲ့ပါတယ်။

“ဆန်(၃)ပြည်အိတ်အိမ်ခြေ(၅၀၀)စာလှုပေးခဲ့ပါတယ်ရှင်အားတင်းထားကြပါစိတ်ဓာတ်မကျကြပါနဲ့.ကျော်ဖြတ်နိုင်ရမယ်အားလုံးပဲဖိုက်တင်းနော်”ဆိုပြီးပြောထားပါတယ်။တကယ်မွန်မြတ်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်။လှူဒါန်းနေစဥ် လိုအပ်နေတဲ့ပြည်သူတွေရဲ့အပြုံးတစ်ချို့ကိုမြင်တွေ့ရတာတကယ်ကိုဝမ်းသာပီတိဖြစ်ရပါတယ်။မခိုင်နှင်းဝေရဲ့အားရစရာအလှူလေးကိုသာဓုခေါ်ဆိုလို့ရအောင်ပြန်လည်မျှဝေပေး လိုက်ရပါတယ်နော်။

Zawgyi




Credit