Cele News

ဖြူဖြူထွေးလိုဘဲ အလှုကိုဗန်းပြပြီး လုပ်စားနေတယ်လို့ ဝေဖန်လာတဲ့သူတွေကို ဒဲ့ပြန်ပြောလိုက်တဲ့ ချယ်ရီသင်

ဖြူဖြူထွေးလိုဘဲအလှုကိုဗန်းပြပြီးလုပ်စားနေတယ်လို့ ဝေဖန်လာတဲ့သူတွေကို ဒဲ့ပြန်ပြောလိုက်တဲ့ ချယ်ရီသင်း

အချစ်သီချင်းကောင်းလေးတွေနဲ့ပရိသတ်တွေရဲ့အားပေးမှုရရှိထားတဲ့ အဆိုတော်ချယ်ရီသင်းကတော့ဂီတနယ်ပယ်မှာအောင်မြင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ချယ်ရီသင်းကလူထုလှုပ်ရှားမှုတွေမှာလည်းပါဝင်ခဲ့ပြီးအလှူအတန်းလည်းရက်ရောကာ လိုအပ်တဲ့နေရာတွေကိုတတ်နိုင်သလောက်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။အခုတစ်ခါမှာဆိုရင်လည်း သူမအလှူအတန်းလုပ်နေတာကိုဘေးထိုင်ဘုပြောနေတဲ့သူကို ထိထိမိမိချေပလိုက်တာပဲဖြစ်ပါတယ်နော်။

ချယ်ရီသင်းကနောက်ဆိုအဲ့လိုမတည်ပြီးအလှူခံပေးဖို့အရမ်းစဉ်းစားသွားပါပြီ။ကိုယ်မှန်တာဘုရားသိတယ်ဆိုပေမဲ့ဘုရားဒကာဘေးထိုင်ဘုပြောလူ့ကန့်လန့်တွေကမသိဘူးဖြစ်နေတော့ကျမဘယ်လောက်မှန်မှန်ကျမလည်းဘယ်လိုနေပြီးဘာလုပ်ပေးရမှန်းတကယ်မသိတော့ပါဘူး။ပထမအဲ့ရပ်ကွက်ကိုမထင်မှတ်ပဲလှူဖြစ်မိရာကနေအဲ့ကတာဝန်ရှိလူကြီးမင်းကပြောပြလို့သူတို့ကျူးအတွက်ရေရဖို့ရာအခက်အခဲဖြစ်နေတယ်ပြောလို့တားနေတဲ့ကြားကကျမ၁သိန်းခွဲမတည်ပြီးအလှူခံခဲ့တာပါ။

ဒါတောင် Post တင်အလှူခံတာမဟုတ်ပဲကျမလှူခဲ့တဲ့Post အောက်မှာပဲ Comment မှာရေးပြီးစေတနာရှိသလောက်ပါဝင်ဖို့ရေးခဲ့တာပါဒီအချိန်အားလုံးခနနားဖို့စိတ်ပူပြီးတားတဲ့ကြားကအဲ့ကျူးရေရဖို့ကိုစိတ်ကမနေနိုင်လို့ကိုလုပ်လိုက်တာပါ။

ကျမကသီချင်းဆိုတဲ့ Artistတယောက်ထက်မပိုပါဘူးကျမစိတ်ထဲသဒ္ဒါထက်သန်ပြီးကျမလှူနိုင်ရင်လှူလိုက်တယ်မနိူင်တဲ့အခါပရိတ်သတ်ထဲကရပ်ဝေးရပ်နီးကမိဘပြည်သူတွေနိုင်သလောက်ပါဝင်လှူဒါန်းပေးကြတယ်ဒီလောက်ပါပဲပရဟိတအသင်းကြီးထောင်ထားတာလည်းမဟုတ်ပါဘူး။

အလှူခံပြလှူပြပြီး Attention ယူရအောင်လည်းကျမကဒီနေရာကိုကြုံတဲ့အပေါက်ကဝင်လာတဲ့သူမဟုတ်ပါဘူးအလှူငွေနဲ့ပက်သက်ရင်တကျပ်မှမစားမိအောင်နေတယ်အကုသိုလ်အဖြစ်မခံဘူးလှူတဲ့အခါတင်ပြတာလည်းအများနဲ့လုပ်ရပါတယ်အခုအချိန်အလှူဗန်းပြလိမ်စားနေတဲ့လူတွေကြားချယ့်ကိုယုံကြည်ပြီးမှလှူပေးကြတဲ့သူတွေစိတ်လုံခြုံမှုရအောင်တင်ပေးတာပါ။

 

ချယ်လှူတာကြည့်ပြီးလှူချင်တဲ့လူတွေသွားလှူလို့ရအောင်လည်းပါပါတယ်ချယ်အဲ့လိုစာရှည်ကြီးရေးဖြေရှင်းတာကရင့်ကျက်တဲ့အလုပ်မဟုတ်ဘူးလို့ခံယူထားတဲ့မိန်းခလေးပါဒါပေမဲ့တချို့စကားတွေကစေတနာနဲ့မတန်လို့ရေးတာပါဒီလောက်ပါပဲစိတ်ထဲကစေတနာပါပါလုပ်ခဲ့လို့စိတ်သန့်သန့်ပဲရှိနေပါတယ်ချယ်ရီသင်းဆိုပြီးလူမှုကွန်ရက်စာမျက်နှာပြောပြလာပါတယ်။

Credit