Cele News

လှူဒါန်းဖို့ ဝယ်ယူထားတဲ့ ​အောက်စီဂျင်စက်တွေ ရောက်ရောက်ချင်း သူမကိုယ်တိုင်မနားမနေ လိုအပ်တဲ့သူတွေဆီ လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

လှူဒါန်းဖို့ဝယ်ယူထားတဲ့အောက်စီဂျင်စက်တွေရောက်ရောက်ချင်းသူမကိုယ်တိုင်မနားမနေလိုအပ်တဲ့သူတွေဆီလှူဒါန်းပေးခဲ့တဲ့ခိုင်နှင်းဝေ

မင်းသမီးချောလေးခိုင်နှင်းဝေကတော့အနုပညာနယ်ပယ်မှာအောင်မြင်သလိုပရဟိတအလုပ်တွေကိုလည်းအားသွန်ခွန်စိုက်လုပ်နေသူတစ်ယောက်ပါ။ခိုင်နှင်းဝေကတော့မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ဖို့ဂေဟာဖွင့်ထားပြီးမိဘအရင်းသဖွယ်စောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။ဒါအပြင်ခိုင်နှင်းဝေကလတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကြောင့်အောက်စီဂျင်မပြတ်ဖို့အတွက်တတ်နိုင်သလောက်ကူညီလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။

ရတနာ (၅)ပါးဂုဏ်ကျေးဇူးတော်ကြောင့်စက်တွေရောက်လာပါပြီရှင်ကြိုတင်စီစစ်ထားသောအရေးပေါ် လူနာများအတွက်ဦးစားပေးအမြန်ဌားရပါသောကြောင့်(ကိုယ့်အတွက်တောင်မချန်ထားပဲ)တချို့ပရဟိတအသင်းများသို့အပြီးအပြတ်လှူဒါန်းခြင်း၊အရေးပေါ်လူနာများအားခဏဌားရမ်းခြင်းများကိုပြုလုပ်ထားပါတယ်နောက်ထပ်အကူအညီတောင်းသူများကိုထပ်မံကူညီနိုင်ဘို့ဆက်ကြိုးစားပါမယ်။အကူအညီတောင်းသူမှန်သမျှကျန်ခဲ့ရင်လဲကျမကိုနားလည်ခွင့်လွှတ်ပေးကြပါရှင်။

နောက်ထပ်အမြန်ဆုံးထပ်မံကူညီနိုင်ဘို့ဆက်လက်ကြိုးစားပါမယ်အကုန်မကူညီနိုင်တဲ့အတွက်စိတ်သောကများစွာလဲအမှန်တကယ် ရင်ဆိုင်နေရပါတယ်။လှူဒါန်းပေးကြပါသောအလှူရှင်များအားလုံးနှင့် ခုနှစ်ရက်သားသမီးများအားလုံးအသက်ကယ်ခွင့်ကုသိုလ်အား ထပ်တူထပ်မျှရရှိနိုင်ကြပြီးအားလုံးပဲကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေရှင်။(ဒုတိယအသုတ်အတွက်ပစ္စည်းအားလုံးမကျန်ပဲဌားရမ်းထားပြီးဖြစ်ပါတယ်ရှင်ဆိုပြီးသူမလူမှုကွန်ရက်စာမျက်နှာမျှဝေလာပါတယ်။

Zawgyi Version




Credit