Cele News

ဒီနေ့ ကွယ်လွန်သွားတဲ့ အဖွားအတွက်ရည်စူးပြီး သုသာန်က အကူအညီပေးနေတဲ့သူတွေကို ထမင်းဗူးတွေလှုခဲ့တဲ့ သဇင်ထူးမြင့်

ဒီနေ့ကွယ်လွန်သွားတဲ့အဖွားအတွက်ရည်စူးပြီးသုသာန်က အကူအညီပေးနေတဲ့သူတွေကိုထမင်းဗူးတွေလှုခဲ့တဲ့သဇင်ထူးမြင့်

သရုပ်ဆောင်ဒါရိုတ်တာတစ်ယောက်ဖြစ်တဲ့ဦးခင်လှိုင်ရဲ့သမီးလေးသဇင်ထူးမြင့်ကတော့ဖခင်ရဲ့သင်ကြားမှုနဲ့အတူအနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သဇင်ထူးမြင့်ကတော့ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းပါဝင်ရိုတ်ကူးထားပါသေးတယ်။

သဇင်ထူးမြင့်ကတော့လူထုလှုပ်ရှားမှုကြီးမှာလည်းတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့သဇင်ထူးမြင့်ကိုဖမ်းဝရမ်းထုတ်ခံခဲ့ရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့သဇင်ထူးမြင့်ကအဖွားဖြစ်သူဆုံးသွားတာတောင် နောက်ဆုံးခရီးကိုသွားခွင့်မရဘဲအဖွားအတွက်ရည်စူးပြီးအလှူလေးလုပ်ခဲ့တာကိုပြောပြလာပါတယ်။

သဇင်ထူးမြင့်ကသုသာန်မှာအကြာကြီးစောင့်နေရတဲ့သူတွေကိုထမင်းဘူးတွေလှူဖို့တွက်ကူညီလှူဒါန်းပေးတဲ့ Clean Yangon ကအကိုတွေကိုအရမ်းကျေးဇူးတင်ပါတယ်။ပရဟိတအသင်း၂ခုကိုဒီနေ့မှာလှူဒါန်းဖို့တွက်ကြိုတင်ပြင်ဆင်နေတုန်းမနေ့ကမထင်မှတ်ပဲကြားလိုက်ရတဲ့သတင်းကသဲတို့အဖွားလေးအောက်စီဂျင်ကျပြီး ရုတ်တရက်ဆုံးပါးသွားပါတယ်။အဲ့တော့ဒီအလှူလေးကိုအဖွားလေးတွက်ရည်စူးပြီးလှူဒါန်းပါတယ်။အဖွားကောင်းရာဘုံဘဝမှာအေးအေးချမ်းချမ်းရှိနေမယ်လို့လည်းယုံကြည်ပါတယ်။နောက်ဆုံးခရီးကိုလိုက်ပို့ခွင့်လည်းမရခဲ့ပေမယ့်အဖွားတွက်တတ်နိုင်သလောက်ကောင်းမှုကုသိုလ်တွေထပ်ပြီးလုပ်ပေးသွားပါ့မယ်ဆိုပြီးပြောပြလာပါတယ်။

Zawgyi Version




Credit