Cele News

ရွှေကျင်ကျောင်းသစ်သံဃာတော်များနဲ့ ကျောင်းဝန်းနေထိုင်သူများကို ကိုဗစ်ပိုးစစ်ဆေးပေးခဲ့တဲ့ ပိုးကြာဖြူခင်တို့သားအမိ

ရွှေကျင်ကျောင်းသစ်သံဃာတော်များနဲ့ ကျောင်းဝန်းနေထိုင်သူများကိုကိုဗစ်ပိုးစစ်ဆေးပေးခဲ့တဲ့ ပိုးကြာဖြူခင်တို့သားအမိ

ပိုးကြာဖြူကတော့MRTV-4ဇာတ်လမ်းတွေကနေကျော်ကြားလာတဲ့သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။သူမကသရုပ် ဆောင်စွမ်းရည်လဲပြည့်ဝတဲ့သူပါနော်။အနုပညာလောကထဲဝင်ကာစအချိန်ခဏလေးမှာပဲပရိတ်သတ်တွေကိုသတိထားမိစေခဲ့တဲ့သူပါ။ခုဆိုပရိတ်သတ်တွေရဲ့အချစ်တွေကိုပိုင်ဆိုင်နေပါပြီနော်။

ပိုးကြာဖြူတို့ကတော့ဘာပဲလုပ်လုပ်မိသားစုနဲ့အတူအမြဲလုပ်လေ့ရှိပါတယ်။သူမကကုသိုလ်ရေးတွေကိုတတိနိုင်သလောက်အင် တိုက်အားတိုက်လုပ်တဲ့သူပါ။ယခုလိုအချိန်ကာလမှာပြည်သူတွေအတွက်တတ်နိုင်သလောက်အလှူဒါနတွေကိုမိသားစုနဲ့အတူအမြဲအပြတ်လှူဒါန်းနေတာတွေ့ရပါတယ်။

ဟိုတလောကသူမကရွှေကျင်ကျောင်းသစ်ဆရာတော်သံဃာ တော်များနဲ့ကျောင်းဝန်းနေထိုင်သူများကိုCOVID-19စစ်ဆေးပေးခဲ့ကြောင်းသိရပါတယ်။တကယ်မွန်မြတ်တဲ့အလုပ်လေးပါ။သူမကကိုဗစ်စစ်ဆေးနေချိန်မှာPPEဝတ်ဆုံမပါလို့ ရှင်းပြထားပါသေးတယ်။အရေးပေါ်စစ်ဆေးလိုက်လို့ပါ၊PPEဝတ်ဆုံတွေကလဲဘယ်မှဝယ်ယူလို့လဲမရလို့ပါဝယ်လို့ရတဲ့နေရာရှိရင်တစ်ချက်လောက်ကူညီပြီးပြောပေးကြလို့လဲအကူညီတောင်းထားပါသေးတယ်။

Zawgyi




Credit