Cele News

အောက်စီဂျင်ပြတ်လပ်မှု့ကြောင့်သေမလိုဖြစ်ခဲ့ရတဲ့မိခင်အတွက် လွန်စွာခံစားနေရတဲ့ မေပန်းချီ

အောက်စီဂျင်ပြတ်လပ်မှု့ကြောင့်သေမလိုဖြစ်ခဲ့ရတဲ့မိခင်အတွက် လွန်စွာခံစားနေရတဲ့ မေပန်းချီ

မေပန်းချီကတော့အနုပညာလောကမှာမော်ဒယ်သရုပ်ဆောင်အနေနဲ့ရပ်တည်နေသူပါ။သူမကတောင့်တင်းတဲ့ကိုယ်လုံးကိုပိုင်ဆိုင်ထားပြီးမိန်းခလေးတွေအားကျရလောက်တဲ့အလှတွေပိုင်ဆိုင်ထားတဲ့သူပါ။ယခုချိန်မှာသူမရဲ့မိခင်ကြောင့်စိတ်ပူပန်နေရပါတယ်။

သူမမိခင်ကအသက်ရွယ်လဲကြီးနေပြီယခုကိုဗစ်ကူးဆက်ခံလိုက်ရတော့ဆိုးရိမ်နေရပါတယ်။မေပန်းချီကသူမရဲ့မိခင်နားမှာအ နီးကပ်စောင့်ရှောက်နေရတာပါ။သူ့ရဲမိခင်အောက်စီဂျင်ထိုးကျနေချိန်မှာအရေးပေါ်အောက်စီဂျင်အတွက်အကူညီတောင်းခဲ့ရတာပါ။

အောက်စီဂျင်ရလာတော့လဲအိုးအလွတ်ဖြစ်နေလို့သူမရဲ့မိခင်ဟာသေမလိုလိုဖြစ်ခဲ့ရလို့အတော်လေးစိတ်ပူနေရှာပါတယ်၊မိခင်ရဲ့ကျန်းမာရေးအခြေအနေကသိပ်စိတ်မချရဘူးလို့လဲသိရပါတယ်။မေပန်းချီကတော့အမေ့ရဲ့အဖြစ်ပျက်တွေကိုမြင်ပြီးကြေကွဲဝမ်းနည်းစွာနဲ့”အမေအမြန်ကျန်းမာလာပေးပါအမေ့အတွက်လုပ်ပေးစရာတွေရှိသေးလို့ပါအမေလုပ်ချင်တာတွေလဲလုပ်ပေးချင်သေးတယ်”ဆိုပြီးသူမရဲ့လူမှု့စာမျက်နှာမှာရေးသားခဲ့ပါတယ်။

Zawgyi




Credit