Cele News
မဆင်မပြေတဲ့မိသားစုတွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့အားရှိတဲ့အစားအစာများပေးလှူခဲ့တဲ့ ခိုင်နှင်းဝေ
မဆင်မပြေတဲ့မိသားစုတွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့အားရှိတဲ့အစားအစာများပေးလှူခဲ့တဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေကယခုကာလအတွင်းမှာပရဟိတလုပ်ငန်းတွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေသူပါ။သူ့ကျိုးကိုယ်တောင်မပြည့်ဘဲ အဆင်မပြေတဲ့ နေရာဒေသတွေဆီကို သွားရောက်လှူဒါန်းနေတာပဲဖြစ်ပါတယ်။စီးပွားရေးတွေကျဆင်းနေကြပြီးကပ်ရောဂါဆိုးများကျရောက်နေတဲ့ မြန်မာနိုင်ငံကဆင်းရဲ့ချို့တဲ့သူတွေအများအပြားရှိလို့နေပါတယ်။
ခိုင်နှင်းဝေကတော့ကိုဗစ်လူနာများအတွက်အောက်စီဂျင်ရှားနေချိန် အောက်စီဂျင်ကိုကြိုးစားရှာဖွေပြီးလှူဒါန်းခဲ့တာပါ။တကယ်လေးစားစရာပါပဲ။နောက်ထပ်ရေဘေးကို တစ်ချို့နေရာတွေမှာရင်ဆိုင်နေရပါပြီ။ရေဘေးအတွက်လိုအပ်တဲ့အသက်ငယ်လှေဝတ်ဆုံတွေကိုလဲသွားရောက်လှူဒါန်းတာတွေ့ရပါတယ်။
အခုအလှူလေးကတော့တကယ်လိုအပ်တဲ့ပြည်သူတွေဆီသွား​ရောက်ပြီးဆေးဝါးနဲ့အစာအာဟာရတွေကိုသွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။”ဆန်(၃) ပြည်၊ ဆီ (၁)ဗူး၊ ကြက်ဥ (၁၀)လုံး ငါးသေတ္တာ (၂)ဗူး တို့အား အိမ်ခြေ (၁၀၀)၊ နို့မှုန့် နှင့် ကလေးသုံးဆေးဗူးများ (၃၀) စာ၊ ဌက်ပျောသီးအဖီး (၂၀၀) နှင့် Mask များ၊ဆေးဝါးများကိုဖျားနာနေသောလူမမာရှိရာအိမ်များသို့အဓိကထားဝေမျှလှူဒါန်းခဲ့ပါတယ်ရှင်ခုနှစ်ရက်သားသမီးများအားလုံးရဲ့စုပေါင်းကုသိုလ်လေးလဲဖြစ်ပါတယ်ရှင်”ဆိုပြီးအသိပေးလာပါတယ်။အလှူရှင်တွေအတွက်သာဓုပါနော်။
Zawgyi
Credit