Cele News

တာဝန်ရှိသူတွေအနေနဲ့ မြန်မာပြည်ရဲ့အနာဂတ်ကို စဥ်းစားပေးဖို့ နိုင်ပွဲအပြီးမှာ အောင်လအန်ဆန်ပြော

တာဝန်ရှိသူတွေအနေနဲ့မြန်မာပြည်ရဲ့အနာဂတ်ကိုစဥ်းစားပေးဖို့နိုင်ပွဲအပြီးမှာအောင်လအန်ဆန်ပြော

မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ပြိုင်ဘက်ဘရားဇီးဖိုက်တာလီအန်ဒရိုကိုပထမအချီမှာဘဲအလဲထိုးအနိုင်ယူခဲ့တာဘဲဖြစ်ပါတယ်။နိုင်ပွဲပျောက်ဆုံးနေတဲ့အောင်လအတွက်အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ပွဲအပြီးမှာအောင်လအန်ဆန်ကဲဒီပွဲမထိုးခင်သူပြောထားတာကကျွန်တော်ကသူ့ကိုကြောက်နေတယ်တဲ့။ဒါကြောင့်လုံး၀မကြောက်ဘူးဆိုတာပြချင်လို့စောစောစီးစီးဖွင့်ထိုးတာ၊မစ်ဒယ်ဝိတ်တန်းမှာကျနော်ကြောက်တဲ့ဖိုက်တာတစ်ယောက်မှမရှိဘူး။

ဒီအချိန်မှာချန်ပီယံဆုကိုစိန်ခေါ်ဖို့အသင့်ပြန်ဖြစ်နေပြီလို့ထင်လားလို့မေးခွန်းအပေါ်အောင်လအန်ဆန်ကဘယ်ပရိသတ်ကမှပျင်းစရာကောင်းတဲ့ပွဲတွေမကြည့်ချင်ကြပါဘူး၊အဲဒီတော့ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲတွေပဲဆက်ဆွဲကြရအောင်ဗျာ။ကျွန်တော်ကိုယ်တိုင်လဲပရိသတ်တွေကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲမျိုးတွေပဲထိုးပြချင်ပါတယ်။

ဒီနေရာကနေမြန်မာပြည်သူတွေအားလုံးအတွက်ဆုတောင်းပေးချင်တယ်ဗျာ၊ဒီနှစ်ဟာကျွန်တော်တို့အားလုံးအတွက်ခက်ခဲတဲ့နှစ်တနှစ်ပါ။အထူသဖြင့်မြန်မာပြည်မှာအခုလိုအခက်ခဲတွေကြုံတွေ့နေတဲ့အချိန်မျိုးမှာကျွန်တော့်အတွက် Gym သွားပြီးပြင်ဆင်မှုတွေလုပ်ရတာအရမ်းကိုခက်ခဲခဲ့ပါတယ်။တာဝန်ရှိတဲ့သူတွေအနေနဲ့လဲကိုယ့်အတွက်ပဲမကြည့်ကြပါနဲ့မြန်မာပြည်သူတွေရဲ့အနာဂတ်ကိုလဲစဉ်းစားပေးကြပါဦးဆိုပြီးပွဲအပြီးမှာအောင်လကပြောခဲ့တာဘဲဖြစ်ပါတယ်။

Zawgyi version




Credit