Cele News
နိုင်ငံတိုင်းမှာရှိနေတဲ့သူ့ပရိတ်သတ်တွေဆီကအလှူခံရလာတဲ့ငွေနဲ့ မြန်မာနိုင်ငံကဆေးရုံနှစ်ခုမှာOxygen Cylinderများလှူဒါန်းလိုက်တဲ့ Sinon Loresca
နိုင်ငံတိုင်းမှာရှိနေတဲ့သူ့ပရိတ်သတ်တွေဆီကအလှူခံရလာတဲ့ငွေနဲ့ မြန်မာနိုင်ငံကဆေးရုံနှစ်ခုမှာOxygen Cylinderများလှူဒါန်းလိုက်တဲ့ Sinon Loresca
Sinon ကတော့သူပြောထားတဲ့အတိုင်းမြန်မာပြည်သူတွေအတွက်လှူဒါန်းလိုက်ပါပြီနော်။ ဖိလစ်ပိုင်ဂေးမော်ဒယ်တစ်ယောက်ဖြစ်တဲ့Sinonဟာမြန်မာနိုင်ငံကိုချစ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။Sinonကနှလုံးလှသူတစ်ယောက်လဲဖြစ်ပါတယ်။သူကမြန်မာနိုင်ငံမှာရှိနေစဥ်ကလည်းလမ်းဘေးမှာစားရမဲ့ဆင်းရဲချို့တဲ့နေတဲ့လူတစ်ချို့ကိုပေးကမ်းအလှူဒါနပြုခဲ့သူပါ။
တော်လှန်ရေးကာလမှာအခြေအနေမသင့်လို့ မိမိအရပ်ဒေသသို့ပြန်လိုက်ရပေမယ့်မြန်မာပြည်သူတွေအပေါ်စိတ်ပူပန်နေခဲ့တဲ့သူပါ။ယခုကိုဗစ်ရောဂါတတိယလိုင်းပေါ်လာချိန်မှာလဲ ခက်ခဲနေတဲ့မြန်မာပြည်သူတွေအတွက်စိုးရိမ်နေပါတယ်။ဟိုတစ်လော ကသူကမြန်မာနိုင်ငံအတွက်သူ့ပရိတ်တွေဆီကအလှူ ခံပြီးလှူမယ်ဆိုပြီအသိပေးလာပါတယ်။
အခုတော့လှူနိုင်သွားပါပြီ။“ကျနော်တို့အလှူခံလို့ရထားတဲ့ငွေတွေနဲ့ မြန်မာမှာရှိတဲ့ဆေးရုံနှစ်ခုမှာအောက်ဆီဂျင်အတွက်လှူဒါန်းလိုက်ပါပြီခင်ဗျာကျနော်ကမြန်မာနဲ့အဝေးဆုံးမှာရောက်နေပေမယ့်မြန်မာလူမျိုးတွေကိုကြင်နာရက်ရောချစ်ပေးရမှာကကျနော့်တာဝန်ပါပဲ။တောင့်ခံထားပါဦးမြန်မာ။ခင်ဗျားတို့ကသန်မာပြီးသားဆိုတာကျနော်သိပါတယ်။ကမ္ဘာကြီးနဲ့ ကျနော်ကမြန်မာနဲ့အတူ ရှိနေမယ်။Fighting ”လို့ Sinon Loresca က အသိပေးလာတာပဲဖြစ်ပါတယ်။ဖိလစ်ပိုင်ဂေးမော်ဒယ် Sinon Lorescaကမြန်မာနိုင်ငံအတွက်အလှူခံရရှိထားတဲ့ငွေတွေနဲ့ မြောက်ဥက္ကလာဝေဘာဂီဆေးရုံကြီးနဲ့လှိုင်သာယာပြည်သူ့​ဆေး​ရုံကြီးသို့ OxygenCylinderများပေးအပ်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။အလှူအတွက်သာဓုခေါ်လို့ရအောင်တစ်ဆင့်ပြန် လည်မျှဝေပေးလိုက်ရပါတယ်နော်။
Zawgyi
Credit