Cele News

ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တာတွေ စုပေါင်းလှူဒါန်းပေးခဲ့တဲ့ နေဝင်းတို့ ဇနီးမောင်နှံ

ရေဘေးသင့်ပြည်သူတွေအတွက်လိုအပ်တာတွေစုပေါင်းလှူဒါန်းပေးခဲ့တဲ့နေဝင်းတို့ဇနီးမောင်နှံ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အနုပညာရှင်စုံတွဲဖြစ်တဲ့အဆိုတော်နေဝင်းနဲ့ travel Blogger အိမ့်ချစ်ချောတို့ကတော့ မကြာခင်ကမှရွှေလက်တွဲခဲ့တာလည်းဖြစ်ပါတယ်။နေတိုးတို့ဇနီးမောင်နှံကတော့လူထုလှုပ်ရှားမှုတွေလည်းပါဝင်ခဲ့ပြီးအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့မြို့ကြီးတချို့မှာရေကြီးမှုတွေကြုံနေရပြီးဒေသခံတွေခက်ခဲစွာနေထိုင်နေရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ပြည်သူတွေနဲ့အတူအနုပညာရှင်အချို့ကလည်းရေဘေးသင့်ပြည်သူတွေအတွက်လိုအပ်တာတွေလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။

ဒီအထဲမှာအဆိုတော်နေဝင်းတို့ဇနီးမောင်နှံလည်းအပါအဝင်ပါပဲ။မိတ်ဆွေတွေနဲ့စုပေါင်းကာအိမ်ထောင်စု(၁၀၀)စာအတွက်အခြေခံစားသောက်ကုန်များစွာကိုရေဘေးသင့်ပြည်သူတွေကိုလှူဒါန်းခဲ့ပါတယ်။ခက်ခဲနေတဲ့အချိန်မှာခဏတာပဲဖြစ်ဖြစ်အဆင်ပြေသွားရင်ကိုလှူဒါန်းသူရောလက်ခံရရှိသူပါကြည်နူးပီတိဖြစ်စရာပါပဲ ။

Zawgyi Version





Credit