Cele News
သရုပ်ဆောင်မင်းသားတစ်လက်ရဲ့ ဖခင်ကို အချိန်မိကယ်နိုင်ဖို့ကြိုးစားပေမယ့် လက်လျော့လိုက်ရကြောင်းပြောလာတဲ့ ဝေဠုကျော်
သရုပ်ဆောင်မင်းသားတစ်လက်ရဲ့ဖခင်ကိုအချိန်မိကယ်နိုင်ဖို့ကြိုးစားပေမယ့်လက်လျော့လိုက်ရကြောင်းပြောလာတဲ့ဝေဠုကျော်
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ဝေဠုကျော်ကတော့အနုပညာအရည်အချင်းပြည့်ဝရုံသာမကပရဟိတအလုပ်တွေကိုလည်းအားသွန်ခွန်စိုက်လုပ်နေသူတစ်ယောက်ပါ။လိုအပ်တဲ့နေရာတွေကိုဝေဠုကျော်ကကိုယ်တိုင်သွားရောက်ပြီးလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကြောင့်ပြည်သူအများအပြားအောက်စီဂျင်ပြတ်ပြီးသေဆုံးနေရတာလည်းဖြစ်ပါတယ်။ဝေဠုကျော်တို့ပရဟိတအဖွဲ့ကလည်းအောက်စီဂျင်လုံလောက်မှုရှိစေရန်အောက်စီဂျင်တွေလှုဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ဝေဠုကျော်ကပြည်သူဘက်ကရပ်တည်ခဲ့တဲ့မင်းသားပြေတီဦးရဲ့ဖခင်ကိုမကယ်လိုက်နိုင်လို့ဝမ်းနည်းနေတဲ့အကြောင်းအခုလိုပြောပြလာပါတယ်။
ဝေဠုကျော်ကသရုပ်ဆောင်မင်းသားတစ်လက်ရဲ့ဖခင်ဆုံးသွားပြန်ပါပြီ။အတတ်နိူင်ဆုံးကူညီဖို့ကြိုးစားခဲ့ပေမယ့်မကယ်နိူင်ခဲ့ဖူး။ကောင်းရာသုဂတိလားပါစေအန်ကယ်ဆိုပြီးပြောပြလာတာလည်းဖြစ်ပါတယ်။ပြေတီဦးရဲ့ဖခင်ဆုံးတာကိုမိခင်ဖြစ်သူကိုအသိမပေးတာကြောင့်နာမည်ထည့်မရေးတာလို့လည်းပြန်ရှင်းပြထားပါတယ်။
Zawgyi Version
Credit