Cele News

လေးနှစ်တာလက်တွဲခဲ့တဲ့ ချစ်သူ ရဲရင့်အောင် နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အသိပေးလာတဲ့ ဧငြိမ်းဖြူ

လေးနှစ်တာလက်တွဲခဲ့တဲ့ချစ်သူရဲရင့်အောင်နဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်းအသိပေးလာတဲ့ ဧငြိမ်းဖြူ

အချစ်သီချင်းလေးတွေကိုအမိုက်စားသီဆိုတတ်တဲ့အဆိုတော်ရဲရင့်အောင်ကတော့သရုပ်ဆောင်မော်ဒယ်ဧငြိမ်းဖြူနဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲလေးဖြစ်ခဲ့ပါတယ်။ဒီနေ့မှာတော့ ဧငြိမ်းဖြူနဲ့အဆိုတော်ရဲရင့်အောင်နဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင့်အသိပေးလာခဲ့ပါတယ်။

သေလောက်အောင်ချစ်ခဲ့ရတဲ့သူမို့လမ်းခွဲတဲ့အချိန်မှာလဲသေလောက်အောင်နာကျင်ရပါတယ်။ A သူ့ကိုဘယ်လောက်နာကျည်းနေပါစေဒါပေမဲ့ A တို့နှစ်ယောက်ကိုအခြားသူတွေအမြင်မှာကောင်းသောအမှတ်တရလေးတွေနဲ့ပဲကျန်ခဲ့စေချင်လို့ပါ။အဲ့ကြောင့် A ဒီလမ်းခွဲတဲ့ကိစ္စနဲ့ပက်သက်ပြီးနောက်ထပ်ဘာမှထပ်ပြောတော့မှာမဟုတ်ပါဘူးနော်။

​လေးနှစ်ကျော်လုံးဘယ်တော့မှလွှတ်မချနိုင်ခဲ့ပဲ
မရရအောင်ဆုပ်ကိုင်ခဲ့တဲ့လက်တစ်စုံနောက်ဆုံးတော့လွှတ်ချနိုင်ခဲ့ပါပြီ။အခြားသူအတွက်ပေးဆပ်ရင်းကိုယ့်အတွက်ကိုယ်အသက်ရှုဖို့တောင်မေ့နေခဲ့တဲ့သူမို့ရှေ့ဆက်ရမဲ့ဘဝမှာကိုယ့်ကိုကိုယ်အများကြီးပြန်ကြည့်ပေးပြီးကြိုးစားနေထိုင်သွားမှာပါ။ဒီကာလကြီးမှာဒီလိုကိစ္စမျိုးအသိပေးရတဲ့အတွက်လည်းတကယ်တောင်းပန်ပါတယ်ဆိုပြီးသူမလူမှုကွန်ရက်စာမျက်နှာမှယအသိပေးလာတာလည်းဖြစ်ပါတယ်။

 

Zawgyi Version





Credit