Cele News

ပြည်သူတွေ အာဟာရရှိစေဖို့ နွားနို့ဆန်ပြုတ်တွေ လှူဒါန်းပေးခဲ့တဲ့ သဇင်ထူးမြင့်တို့မိသားစု

ပြည်သူတွေအာဟာရရှိစေဖို့ နွားနို့ဆန်ပြုတ်တွေလှူဒါန်းပေးခဲ့တဲ့သဇင်ထူးမြင့်တို့မိသားစု

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးသဇင်ထူးမြင့်ကတော့အနုပညာမျိုးရိုးဖြစ်တဲ့သရုပ်ဆောင်ဒါရိုတ်တာဦးခင်လှိုင်ရဲ့သမီးဖြစ်ပြီးဖခင်ရဲ့သွန်သင်ဆုံးမမှုနဲ့အတူအနုပညာအရည်အချင်းပြည့်ဝတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သရုပ်ဆောင်သဇင်ထူးမြင့်တို့မိသားစုကတော့လူထုလှုပ်ရှားမှုမှာတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာဘဲဖြစ်ပါတယ်။

ဒါကြောင့်မလို့ဖမ်းဝရမ်းထုတ်ခံရပြီးသဇင်ထူးမြင့်တို့မိသားစုကတော့ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ဒါအပြင်သဇင်ထူးမြင့်ကအလှူအတန်းလည်းရက်ရောသလိုလိုအပ်တဲ့နေရာတွေကိုလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့သဇင်ထူးမြင့် ပြည်သူတွေအာဟာရရှိဖို့အတွက်နွားနို့ဆန်ပြုတ်လှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။

သဇင်ထူးမြင့်ကဒီနေ့သဲတို့မိသားစုရဲ့နောက်ထပ်အလှူလေးအဖြစ်နွားနို့ဆန်ပြုတ်ပွဲ၁၃၀စာထပ်လှူဖြစ်ပါတယ်။အဆင်သင့်သုံးဆောင်နိုင်အောင်မေမေ့စိတ်ကြိုက်Steel ဇွန်းလေးတွေထည့်ပေးထားပါတယ်အလှူတိုင်းမေမေ့ရဲ့အိုင်ဒီယာလေးဆိုပြီးသူမအလှူလေးလုပ်ဖြစ်ခဲ့ပုံကိုပြောပြလာတာဘဲဖြစ်ပါတယ်။

Zawgyi Version




Credit