Cele News

၈၈ အရေးအခင်းတုန်းက အာဏာရှင်ကိုထောက်ခံခဲ့တဲ့ မင်းသမီးကြီးမို့မို့မြင့်အောင်အကြောင်း ပြောပြလာတဲ့ ပြည်သူတစ်ဦး

၈၈ အရေးအခင်းတုန်းကအာဏာရှင်ကိုထောက်ခံခဲ့တဲ့မင်းသမီးကြီးမို့မို့မြင့်အောင်အကြောင်းပြောပြလာတဲ့ပြည်သူတစ်ဦး

အကယ်ဒမီဆုများစွာရရှိခဲ့တဲ့မင်းသမီးကြီးမို့မို့မြင့်အောင်ကတော့ အနုပညာနယ်ပယ်မှာအောင်မြင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးမခြေအနေတွေမှာ မင်းသမီးကြီးမို့မို့မြင့်အောင်ကလုံးဝပါဝင်ခဲ့ခြင်းမရှိဘဲနှုတ်ဆိတ်နေခဲ့ပါတယ်။မင်းသမီးကြီးမို့မို့မြင့်အောင်ကတော့၈၈အရေးအခင်းကြီးမှာလည်းပြည်သူဘက်ကမပါဝင်ခဲ့ဘဲစစ်အာဏာရှင်ကိုသာထောက်ခံခဲ့ပါတယ်။ဒါအပြင်သူမက၈၈အရေးအခင်းအဖမ်းခံရသူတွေအတွက်လက်ထိတ်တွေခြေချင်းတွေတောင်ဝယ်လှူခဲ့သေးတယ်။

အဲဒီအလှူလုပ်ပြီးမကြာခင်မှာပဲသူ့အမျိုးသားလေဖြတ်ခံရတာဖြစ်ပါတယ်။ဒါအပြင်မို့မို့မြင့်အောင်ကလက်နက်မဲ့ပြည်သူတွေကိုသတ်နေတဲ့စစ်သားတွေအတွက်ထောက်ခံကြောင်းသဝဏ်လွှာပို့ခဲ့ပါသေးတယ်။ဒီသဝဏ်လွှာကိုစစ်အာဏာရှင်တွေကကောင်းကောင်းအသုံးချပြီးဒေါ်အောင်ဆန်းစုကြည်ကိုအပုတ်ချတော့တယ်။မို့မို့မြင့်အောင်လောက်တောင်တိုင်းပြည်အပေါ်ချစ်မြတ်နိုးမှုမရှိကြောင်းသူတို့သိမ်းထားတဲ့သတင်းစာတွေကနေသိက္ခာချေတာ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့တခွန်းထည်းပဲပြောတယ်၊မို့မို့မြင့်အောင်လိုတော့ရှေ့တန်းမှာတိုက်နေရတဲ့စစ်သားလေးတွေကိုသဝဏ်လွှာမပို့ဘူး။သူကိုယ်တိုင်အဲဒီတိုက်ပွဲတွေဖြစ်နေတဲ့ရှေ့တန်းစစ်မျက်နှာကိုသွားပြီးစစ်သားလေးတွေကိုနှစ်သိမ့်မှုပေးမယ်၊သူ့ကိုရှေ့တန်းစစ်ဖြစ်တဲ့နေရာကိုသွားခွင့်ပေးပါလို့ပြောလိုက်တယ်။စစ်အာဏာရှင်တွေလဲရူးသလိုပေါသလိုနဲ့မသိချင်ယောင်ဆောင်နေလိုက်‌တော့တယ်။အဲဒီထဲကမို့မို့မြင့်အောင်ကိုပြည်သူတွေကရွံခဲ့ကြတာအခုအထိပါပဲဒါသူ့ရဲ့သမိုင်းတခု၊‌၈၈ကိုမမီလိုက်တဲ့လူငယ်တွေသိအောင်ပါ၊သမိုင်းကိုလေ့လာသင်ကြားကြပါ။မသိရင်အမယ်အရင်အလိမ်ခံရမယ်။

Zawgyi Version

အကယ္ဒမီဆုမ်ားစြာရရွိခဲ့တဲ့မင္းသမီးႀကီးမို႔မို႔ျမင့္ေအာင္ကေတာ့ အႏုပညာနယ္ပယ္မွာေအာင္ျမင္ခဲ့တဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။လတ္တေလာျဖစ္ေပၚေနတဲ့နိုင္ငံေရးမေျခအေနေတြမွာ မင္းသမီးႀကီးမို႔မို႔ျမင့္ေအာင္ကလုံးဝပါဝင္ခဲ့ျခင္းမရွိဘဲႏႈတ္ဆိတ္ေနခဲ့ပါတယ္။မင္းသမီးႀကီးမို႔မို႔ျမင့္ေအာင္ကေတာ့၈၈ အေရးအခင္းႀကီးမွာလည္း ျပည္သူဘက္ကမပါဝင္ခဲ့ဘဲ စစ္အာဏာရွင္ကိုသာေထာက္ခံခဲ့ပါတယ္။ဒါအျပင္ သူမက ၈၈အေရးအခင္းအဖမ္းခံရသူေတြအတြက္လက္ထိတ္ေတြေျခခ်င္းေတြေတာင္ဝယ္လႉခဲ့ေသးတယ္။

အဲဒီအလႉလုပ္ၿပီးမၾကာခင္မွာပဲ သူ႕အမ်ိဳးသားေလျဖတ္ခံရတာျဖစ္ပါတယ္။ဒါအျပင္မို႔မို႔ျမင့္ေအာင္ကလက္နက္မဲ့ျပည္သူေတြကိုသတ္ေနတဲ့စစ္သားေတြအတြက္ေထာက္ခံေၾကာင္းသဝဏ္လႊာပို႔ခဲ့ပါေသးတယ္။ဒီသဝဏ္လႊာကိုစစ္အာဏာရွင္ေတြကေကာင္းေကာင္းအသုံးခ်ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို အပုတ္ခ်ေတာ့တယ္။မို႔မို႔ျမင့္ေအာင္ေလာက္ေတာင္တိုင္းျပည္အေပၚခ်စ္ျမတ္နိုးမႈမရွိေၾကာင္းသူတို႔သိမ္းထားတဲ့သတင္းစာေတြ ကေန သိကၡာေခ်တာ့တယ္။

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ တခြန္းထည္းပဲေျပာတယ္ ၊မို႔မို႔ျမင့္ေအာင္လိုေတာ့ ေရွ႕တန္းမွာတိုက္ေနရတဲ့စစ္သားေလးေတြကိုသဝဏ္လႊာမပို႔ဘူး။သူကိုယ္တိုင္အဲဒီတိုက္ပြဲေတြျဖစ္ေနတဲ့ ေရွ႕တန္းစစ္မ်က္ႏွာကိုသြားၿပီး စစ္သားေလးေတြကို ႏွစ္သိမ့္မႈေပးမယ္ ၊သူ႕ကိုေရွ႕တန္းစစ္ျဖစ္တဲ့ေနရာကိုသြားခြင့္ေပးပါလို႔ ေျပာလိုက္တယ္။စစ္အာဏာရွင္ေတြလဲ ႐ူးသလိုေပါသလိုနဲ႕ မသိခ်င္ေယာင္ေဆာင္ေနလိုက္‌ေတာ့တယ္။အဲဒီထဲကမို႔မို႔ျမင့္ေအာင္ကိုျပည္သူေတြက႐ြံခဲ့ၾကတာအခုအထိပါပဲဒါသူ႕ရဲ႕သမိုင္းတခု ၊‌

Credit