Cele News

ဝရမ်းပြေးတစ်ယောက်အနေနဲ့ လေးလကြာဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြလာတဲ့ ဖြူဖြူကျော်သိန်း

ဝရမ်းပြေးတစ်ယောက်အနေနဲ့လေးလကြာဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကိုပြောပြလာတဲ့ဖြူဖြူကျော်သိန်း

အသံပါဝါအားကောင်းကောင်းနဲ့သီချင်းတွေကိုသီဆိုတတ်တဲ့အဆိုတော်ဖြူဖြူကျော်သိန်းကတော့ပရိသတ်အားပေးမှာရရှိနေတဲ့ထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ကိုယ်ပိုင်အမ်ဘမ်များစွာထွက်ရှိထားပြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဖြူဖြူကျော်သိန်းကတော့လတ်တလောဖြစ်ပေါ်နေတဲ့လူထုတော်လှန်ရေးကြီးမှာ တတ်တတ်ကြွကြွပါဝင်ခဲ့ပြီးအမှန်တရားဘက်ကရပ်တည်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

အခုတစ်ခါမှာဆိုရင်လဲဖြူဖြူကျော်သိန်းက၀ရမ်းပြေးဘ၀မှာသူမဘယ်လိုနေထိုင်နေတယ်ဆိုတာကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ဖြူဖြူကျော်သိန်းကကိုယ့်အသံကြီးကမှတ်မိလွယ်တော့ဝရမ်းပြေးအဆိုတော်ဘဝမှာသီချင်းအော်ဆိုဖို့မပြောနဲ့၊စကားတောင်ကျယ်ကျယ်မပြောရဲဘူး။ပရိတ်သတ်အကြိုက် HighPitchတွေဆိုကျင့်ဖို့မပြောနဲ့၊သီချင်းလေးတစ်ပုဒ်စဆုံးကျယ်ကျယ်ဆိုချင်ရင်တောင်မိုးသည်းတဲ့နေ့ကိုမျှော်ပြီးမိုးချုန်းသံတွေကိုအကာအကွယ်ယူဆိုရတာ၊

တော်ကြာဘေးဘီကကိုယ်မှန်းမှတ်မိပြီးသွားတိုင်လိုက်ရင်ဖမ်းခံရမစိုးလို့လေ၊ကိုယ်နဲ့ဘဝတူမောင်နှမတွေအားလုံးလည်းရှိတဲ့နေရာမှာကျန်းမာလုံခြုံဘေးကင်းကြပါစေဆိုပြီးတော့သူမရဲ့Instagramအကောင့်မှာရေးသားဖော်ပြထားပါတယ်၊

Zawgyi Version



တော်ကြာဘေးဘီကကိုယ်မှန်းမှတ်မိပြီးသွားတိုင်လိုက်ရင်ဖမ်းခံရမစိုးလို့လေ၊ကိုယ် နဲ့ဘဝတူမောင်နှမတွေအားလုံးလည်းရှိတဲ့နေရာမှာကျန်းမာလုံခြုံဘေးကင်းကြပါစေဆိုပြီးတော့သူမရဲ့Instagramအကောင့်မှာရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit