Cele News

ခရစ်ယာန်မိဘမဲ့‌ကလေးများဂေဟာအတွက် ဆန်အိတ်များလှူဒါန်းလိုက်တဲ့ အိချောပို

ခရစ်ယာန်မိဘမဲ့‌ကလေးများဂေဟာအတွက်ဆန်အိတ်များလှူဒါန်းလိုက်တဲ့ အိချောပို

အိချောပိုဆိုတာနဲ့ပြည့်တင်းလှပတဲ့ကိုယ်လုံးပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်ယောက်ကိုပြေးမြင်မိမှာပါပဲနော်၊အိချောပိုကတော့အနုပညာလောကရဲ့ကြယ်တစ်ပွင့်ပါပဲ၊သူမကဇာတ်လမ်းဗီဒီယိုပေါင်းများစွာကိုလဲ သရုပ်ဆောင်ခဲ့သူပါ၊သူမကရုပ်ရည်လေးလဲလှပပြီးအရပ်ရှည်ကိုယ်လုံးလေးလဲလှတော့ပုရိသတို့ရဲ့အားပေးမှု့ကလဲအများအပြားပါပဲ၊အခုနောက်ပိုင်းမှာအိချောကိုအနုပညာလောကထဲမှာတွေ့ရနည်းလာပါတယ်။

သူမကသူမရဲ့ချစ်ပရိတ်သတ်တွေအတွက်သူရဲ့ပုံလေးတွေမကြာခဏတင်ပေးလေ့ရှိပါတယ်။တော်လှန်ရေးကာကတွေမှာလဲအိချောကပြည်သူတွေနဲ့အတူရပ်တည်ခဲ့တာပါ၊သူတတ်နိုင်တဲ့အလှူဒါနတွေကိုလဲပြုလုပ်ခဲ့တာပါ။အိချောကသရုပ်ဆောင်တဲ့နေရာမှာလဲကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နိုင်သူပါနော်။အသက်ရွယ်ပိုင်းခြားတစ်ခုကိုရောက်ရှိလာပေမယ့်လဲသူမရဲ့အလှတွေကတော့ ပိုတိုးလာသလိုပါပဲနော်။အိချောကမိန်းကလေးအများစုရဲ့အားကျခြင်းကိုလဲခံရတဲ့သူပါ။

ယခုတလောမှာလဲသူမကသူတတ်နိုင်တဲ့အလှူဒါနလေးတွေကို ပြုလုပ်နေတာတွေ့ရပါတယ်။မှော်ဘီမြို့ ခရစ်ယာန်မိဘမဲ့ကလေးများဂေဟာမှာ စားသောက် ကုန်ဖြစ်တဲ့ဆန်အိတ်(10)အိတ်ကိုလှူဒါန်းခဲ့တယ်လို့သိရပါတယ်။တကယ်ပီတိဖြစ်ရပါတယ်၊အခုလိုအလှူ ဒါနတွေလိုအပ်နေတဲ့နေရာတွေမှာတစ်ထောက်တစ်နေရာက ပါဝင်ပေးတဲ့ မအိချောပိုအတွက်ဝမ်း သာပီတိဖြစ်ရပါတယ်။မွန်မြန်တဲ့အလှူလေးမို့မအိချောကိုချစ်တဲ့ပရိတ်သတ်ကြီးကလဲဝမ်းသာစွာသာဓုခေါ်ပေးသွားကြပါအုနော်။မအိချောပိုရဲ့မွန် မြတ်တဲ့အလှူကိုအားလုံးအတွက်မျှဝေပေးလိုက်ရပါတယ်နော်။

Zawgyi




Cerdit