Cele News

မတရားဖမ်းဆီးခံရတဲ့ အင်းစိန်ထောင်တွင်းမှ အနုပညာရှင်များ အမြန်ဆုံးလွတ်လာဖို့ ဆုတောင်းပေးခဲ့တဲ့ နီနီခင်ဇော်

မတရားဖမ်းဆီးခံရတဲ့အင်းစိန်ထောင်တွင်းမှအနုပညာရှင်များအမြန်ဆုံးလွတ်လာဖို့ဆုတောင်းပေးခဲ့တဲ့နီနီခင်ဇော်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်နီနီခင်ဇော်ကတော့အဆိုပြိုင်ပွဲတခုကနေလူသိများလာခဲ့ပြီးအောင်မြင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ကိုယ်ပိုင်အမ်ဘမ်များစွာလည်းထွက်ရှိထားပြီးအားလုံးနီးပါးလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။

နီနီခင်ဇော်ကတော့ကိုဗစ်ကာလမှာလည်းသူမတတ်ကျွမ်းတဲ့ဆေးပညာနဲ့ပြည်သူလူထုကိုအကျိုးပြုခဲ့ပါသေးတယ်။ဒါအပြင်နီနီခင်ဇော်ကလူထုလှုပ်ရှားမှုကြီးမှာလည်းပါဝင်ခဲ့ပြီးအမှန်တရားဘက်ကရပ်တည်ပေးခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့နီနီခင်ဇော်ကအမှန်တရားဘက်ကတိုက်ပွဲဝင်ပြီးမတရားဖမ်းဆီးခံရတဲ့အင်းစိန်ထောင်တွင်းမှအနုပညာရှင်တွေအတွက်အမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူချစ်အနုပညာရှင်တွေအမြန်ဆုံးပြန်လွတ်ပါစေနော်။

Zawgyi Version




Credit