Cele News

ကွယ်လွန်သွားပြီဖြစ်တဲ့ ဖွေးဖွေးရဲ့ဖခင် နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ဝတ်မှုံရွှေရည်

ကွယ်လွန်သွားပြီဖြစ်တဲ့ဖွေးဖွေးရဲ့ဖခင်နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ပေးခဲ့တဲ့ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးဖွေးဖွေးကတော့စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့လူထုလှုပ်ရှားမှုကြီးမှာ တတ်တတ်ကြွကြွပါဝင်ခဲ့လို့ဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။လက်ရှိမှာဖွေးဖွေးကလွတ်မြောက်တဲ့တနေရာကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးရဲ့ဖခင်ဖြစ်သူဦးကျော်ကျော်ဝင်း(ခ)ဦးမောင်ဦးသည်ဩဂုတ်လ၁၉ရက်နေ့တွင်ကိုဗစ်ရောဂါဖြင့်ပန်းလှိုင်ဆေးရုံတွင်ကွယ်လွန်သွားခဲ့ပါသည်။

ကျန်ရှိသောရုပ်ကလာဒ်ကိုမိသားစုဝင်များနှင့်တူမဖြစ်သူသရုပ်ဆောင်ဝတ်မှုံရွှေရည်တို့မှလိုက်ပါပို့ဆောင်ခဲ့ပြီးဩဂုတ်လ ၂၀ ရက်နေ့နေ့လည်၁၂နာရီ၁၂မိနစ်တွင်ထိန်ပင်သုသာန်၌မီးသဂြိုဟ်ပြီးစီးခဲ့ကြောင်းသိရပါသည် ။

Zawgyi Version




Credit