Cele News

အနှေးယာဥ်လုပ်သားတွေအတွက် အလှူငွေနဲ့ စားစရာတွေလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူနဲ့ မမဆောင်းတို့အဖွဲ့

အနှေးယာဥ်လုပ်သားတွေအတွက်အလှူငွေနဲ့စားစရာတွေလှူဒါန်းပေးခဲ့တဲ့ခန့်စည်သူနဲ့မမဆောင်းတို့အဖွဲ့

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ခန့်စည်သူကတော့အနုပညာနယ်ပယ်မှာလည်းထူးချွန်သလိုပရဟိတလုပ်ငန်းတွေကိုလည်းအားသွန်ခွန်စိုက်လုပ်ကိုင်နေသူတစ်ယောက်ပါ။မကြာခဏဆိုသလိုလိုအပ်နေတဲ့နေရာတွေကိုသွားရောက်ပြီးလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ခန့်စည်သူနဲ့မမဆောင်းတို့အဖွဲ့ကသက်န်းကျွန်းကအခြေခံလူတန်းစားတွေကိုလိုအပ်တာတွေသွားရောက်လှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။အလှူလေးနဲပတ်သတ်ပြီးအားလုံးသာဓုခေါ်နိုင်အောင်ခန့်စည်သူကအခုလိုမျှဝေထားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့အနှေးယာဉ်လုပ်သားများနှင့်အခြေခံလူတန်းစားမိသားစုများအတွက်ကြက်ထမင်းကြော်ဗူး(၁၀၀၀)၊ခေါက်ဆွဲခြောက်ထုပ်များနှင့်အလှူငွေများကိုပေးအပ်လှူဒါန်းခဲ့ပါတယ်။ဘဝအမောများ၊ဆာလောင်မှုအပူများတခဏတာပြေပျောက်နိုင်ကြပါစေ။ပါဝင်လှူဒါန်းပေးကြသူများကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။သာဓုခေါ်ဆိုနိုင်ကြပါစေခင်ဗျာ။

Zawgyi Version




Credit