Cele News

ပြောချင်တဲ့စကားလေးနဲ့အတူ ဖခင်ရဲ့​နောက် ဆုံးအမှတ်တရပုံရိပ်လေးတွေကို ထုတ်ပြလာတဲ့ ဖွေးဖွေး

ပြောချင်တဲ့စကားလေးနဲ့အတူ ဖခင်ရဲ့​နောက်ဆုံးအမှတ်တရပုံရိပ်လေးတွေကို ထုတ်ပြလာတဲ့ ဖွေးဖွေး

အနုပညာရှင်ကြယ်တစ်ပွင့်ဖြစ်တဲ့ဖွေးဖွေးဟာ အကယ်ဒမီဆုတွေကိုပိုင်ဆိုင်ထားပြီးအောင်မြင်နေတဲ့မင်းသမီးတ်ယောက်ဖြစ်ပါတယ်၊ယခုတော်လှန် ရေးကာလတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ခဲ့ပြီးဆန္ဒပြခဲ့တာပါ၊အဲကြောင့်(၅၀၅)ကနဲ့ စစ်ကောင်စီဘက်ကတရားစွဲဆိုခံထားရတာပါ၊တရားစွဲဆိုချက်ကြောင့် အိမ်နဲ့မိဘတွေနဲ့ဝေးရာမှာတိမ်းရှောင်နေခဲ့ရတာပါ။

ဖွေးတိမ်းရှောင်နေစဥ်မှာပဲဖွေးရဲ့ဖခင်ဖြစ်သူက ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်၊တကယ်ကိုစိတ်မကောင်းစရာပါပဲ၊ဖွေးကအင်တာဗျူးတစ်ခုမှာ မိသားစုထဲမှာဖခင်ကိုအချစ်ဆုံဖြစ်ကြောင်းဖြေ ကြားခဲ့ပါသေးတယ်၊အမြဲဖခင်ဖြစ်သူနဲ့အတူအမြဲမြင်ရတတ်ပြီး အဖေကိုချစ်တဲ့သမီးလေးပါ၊အခုတော့ဖခင်ရောဂါဖြစ်နေစဥ်အချိန်မှာတောင်ဖခင်အနားမှာမပြုစုရလို့စိတ်မကောင်းနေတဲ့ဖွေးခုဖခင်ကွယ်လွန်သွားတော့လဲနောက်ဆုံးခရီးတောင်ပို့ခွင့်မရခဲ့ရှာပါဘူး။

ဖွေးအတွက်ဆုံးရှုံးမှု့တွေကြီးမားလွန်းခဲ့ပါတယ်၊အခု ဖခင်ကိုသတိရလွန်းလို့ဖခင်နဲ့အတူလုပ်ခဲ့တဲ့ပုံရိပ်တစ်ချို့တွေကိုသူ့ရဲ့လူမှု့စာမျက်နှာမှာတွေ့ရပါတယ်။ “တစ်နေ့နေ့တော့အဖေ့ဆီလိုက်လာကြရဦးမှာပါအခုတော့သမီးကြီးနေရာကရောအဖေ့နေရာကပါ​မေမေနဲ့မောင်လေးကိုပိုချစ်သွားပါမယ်လို့စိတ်ချပါ”ဆိုပြီး ဖခင်ကိုတမ်းတရင်းမခံစားနိုင်စွာရေးသာလာခဲ့ပါတယ်၊ဖခင်အတွက်ကတိတစ်ခုပေးရင်း ဖခင်ရဲ့နောက်ဆုံးပုံရိပ်လေးတွေကိုထုတ်ပြလာခဲ့တာပဲဖြစ်ပါတယ်၊ကျန်ရစ်သူဖွေးတို့မိသားစုနဲ့အတူထပ်တူဝမ်း နည်းရပါတယ်၊ဖွေးရဲ့ဖခင်ကောင်းရာသုဂတိလားပါစေ။

Zawgyi

အႏုပညာရွင္ၾကယ္တစ္ပြင့္ျဖစ္တဲ့ ေဖြးေဖြးဟာ အကယ္ဒမီဆုေတြကိုပိုင္ဆိုင္ထားၿပီးေအာင္ ျမင္ေနတဲ့မင္းသမီးတ္ေယာက္ျဖစ္ပါတယ္၊ယခုေတာ္လွန္ေရးကာလေတြမွာ ျပည္သူေတြနဲ႕အတူရပ္တည္ခဲ့ၿပီးဆႏၵျပခဲ့တာပါ၊အဲေၾကာင့္(၅၀၅)ကနဲ႕ စစ္ေကာင္စီဘက္ကတရားစြဲဆိုခံထားရတာပါ၊တရားစြဲဆိုခ်က္ေၾကာင့္ အိမ္နဲ႕မိဘေတြနဲ႕ေဝးရာမွာတိမ္းေရွာင္ေနခဲ့ရတာပါ။

ေဖြးတိမ္းေရွာင္ေနစဥ္မွာပဲ ေဖြးရဲ႕ဖခင္ျဖစ္သူက ကိုဗစ္ေရာဂါနဲ႕ကြယ္လြန္သြားခဲ့တာပဲျဖစ္ပါတယ္၊တကယ္ကိုစိတ္မေကာင္းစရာပါပဲ၊ေဖြးကအင္တာဗ်ဴးတစ္ခုမွာ မိသားစုထဲမွာဖခင္ကိုအခ်စ္ဆုံျဖစ္ေၾကာင္းေျဖၾကားခဲ့ပါေသးတယ္၊အၿမဲဖခင္ျဖစ္သူနဲ႕အတူအၿမဲျမင္ရတတ္ၿပီး အေဖကိုခ်စ္တဲ့သမီးေလးပါ၊အခုေတာ့ဖခင္ေရာဂါျဖစ္ေနစဥ္အခ်ိန္မွာေတာင္ ဖခင္အနားမွာမျပဳစုရလို႔စိတ္မေကာင္းေနတဲ့ေဖြး ခုဖခင္ကြယ္လြန္သြားေတာ့လဲ ေနာက္ဆုံးခရီးေတာင္ပို႔ခြင့္မရခဲ့ရွာပါဘူး။

ေဖြးအတြက္ဆုံးရႈံးမႈ႕ေတြႀကီးမားလြန္းခဲ့ပါတယ္၊အခု ဖခင္ကိုသတိရလြန္းလို႔ဖခင္နဲ႕အတူလုပ္ခဲ့တဲ့ပုံရိပ္တစ္ခ်ိဳ႕ေတြကို သူ႕ရဲ႕လူမႈ႕စာမ်က္ႏွာမွာ ေတြ႕ရပါတယ္။”တစ္ေန႕ေန႕ေတာ့ အေဖ့ဆီလိုက္လာၾကရဦးမွာပါအခုေတာ့သမီးႀကီးေနရာကေရာအေဖ့ေနရာကပါ​ေမေမနဲ႕ေမာင္ေလးကို ပိုခ်စ္သြားပါမယ္လို႔စိတ္ခ်ပါ”ဆိုၿပီး ဖခင္ကိုတမ္းတရင္း မခံစားနိုင္စြာေရးသာလာခဲ့ပါတယ္၊ဖခင္အတြက္ကတိတစ္ခုေပးရင္း ဖခင္ရဲ႕ေနာက္ဆုံးပုံရိပ္ေလးေတြကိုထုတ္ျပလာခဲ့တာပဲျဖစ္ပါတယ္

Credit