Cele News

တောထဲမှာ ခက်ခက်ခဲခဲ ဖြတ်သန်းနေရပေမယ့်တော်လှန်ရေးအတွက် ဘယ်တော့မှသွေးမအေးဘူးဆိုတဲ့ ကိုပေါက်

တောထဲမှာခက်ခက်ခဲခဲဖြတ်သန်းနေရပေမယ့်တော်လှန်ရေးအတွက်ဘယ်တော့မှသွေးမအေးဘူးဆိုတဲ့ကိုပေါက်

သရုပ်ဆောင်ဒါရိုတ်တာတစ်ယောက်ဖြစ်တဲ့ကိုပေါက်ကတော့ဟာသရုပ်ရှင်တွေမှာပရိသတ်တွေကိုရီမောပျော်ရွှင်အောင်ရိုတ်ကူးနိုင်သူတစ်ယောက်ပါ။ကိုပေါက်ကတော့လူထုတော်လှန်ရေးကြီးမှာလည်းတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်မလို့ပုဒ်မ၅၀၅ကနဲ့ဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။လက်ရှိမှာကိုပေါက်ကလွတ်မြောက်နယ်မြေတစ်နေရာမှာရောက်နေပြီသူတွေ့ကြုံခဲ့တဲ့အခက်အခဲတွေကိုမျှဝေလာပါတယ်။ကိုပေါက်ကမင်္ဂလာပါလုံခြုံရေးအရ၃လလောက်ပိတ်ထားခဲ့ရတဲ့ကျနော့အကောင်းလေးပြန်အသက်ဝင်ခွင့်ရလို့ဝမ်းသာပါတယ်။ဒီအကောင့်ကနေပျောက်နေလို့စိုးရိမ်စိတ်ပူပေးကြတဲ့စိတ်တူကိုယ်တူချစ်မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်။

ကျနော်လည်းကိုဗစ်ရောဂါကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပြီးအခုကျန်းမာလာပါပြီ။မပေါ့ပါနဲ့ဂရုစိုက်ကြပါ။အားလုံးလည်းကျန်းမာ ဘေးကင်းပြီးဆန္ဒနဲ့ဘဝတထပ်တည်းကျပါစေ။တော်လှန်ရေးခရီးတစ်ထောက်နားတိုင်းတစ်ထောက်နားတိုင်းမိတ်ဆွေရင်းညီအစ်ကိုမောင်နှမပမာကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကိုကျနော့နှလုံးသားထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေမှာပါဆိုပြီးပြောပြလာတာဘဲဖြစ်ပါတယ်။

ZawGyi Version




Credit