Cele News

ရှောင်တိမ်းနေရစဥ် တန်ဖိုးကြီးပစ္စည်းများကို ယုံကြည်ရတဲ့မိတ်ဆွေများထံ အပ်နှံခဲ့ရာမှာ ပြန်တောင်းမရဖြစ်နေတဲ့ ဖြူဖြူကျော်သိန်

ရှောင်တိမ်းနေရစဥ်တန်ဖိုးကြီးပစ္စည်းများကိုယုံကြည်ရတဲ့မိတ်ဆွေများထံအပ်နှံခဲ့ရာမှာပြန်တောင်းမရဖြစ်နေတဲ့ဖြူဖြူကျော်သိန်း

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်ဖြူဖြူကျော်သိန်းကတော့အသံပါဝါအားကောင်းကောင်းနဲ့သီချင်းတွေကိုသီဆိုတတ်သူတစ်ယောက်ပါ။ဖြူဖြူကျော်သိန်းကတော့ကိုယ်ပိုင်အမ်ဘမ်များစွာထွက်ရှိထားပြီးအောင်မြင်နေတဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာဖြူဖြူကျော်သိန်းကစစ်အာဏာရှင်ကိုတော်လှန်ရာမှာတတ်တတ်ကြွကြွပါဝင်ခဲ့တာကြောင့်ဖမ်းဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းကို၅၀၅စာရင်းမှာထည့်သွင်းခံရချိန်မှာတော့မိဘတွေကိုသင့်တော်ရာမှာရွေ့ပြောင်းပြီးသူ့အနုပညာအလုပ်နဲ့ရရှိထားတဲ့ချွေးနည်းစာလေးတွေကိုယုံကြည်ရတယ်လို့ယူဆထားတဲ့မိတ်ရင်းဆွေရင်းတွေထံမှာခေတ္တအပ်နှံပြီးရှောင်တိမ်းနေခဲ့ရပါတယ်။

အဲ့ဒီနောက်အပ်နှံထားသူတွေထံမှာပြန်လည်တောင်းယူတဲ့အချိန်မှာတော့ရူးချင်ယောင်ဆောင်ကာပတ်ပြေးနေကြကြောင်းဖြူဖြူကျော်သိန်းကအင်စတာဂရမ်မှာဖြစ်စဉ်ကိုရေးသားထားပါတယ်။

Zawgyi Version




Credit