Cele News

ကွယ်လွန်သူကိုတာတာမျိုးအားရည်စူးပြီးအလှူပြုလုပ်ခဲ့ကြတဲ့မိတ်ဆွေ​တွေကိုကျေးဇူးတင်ကြောင်းပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

ကွယ်လွန်သူကိုတာတာမျိုးအားရည်စူးပြီးအလှူပြုလုပ်ခဲ့ကြတဲ့မိတ်ဆွေ​တွေကိုကျေးဇူးတင်ကြောင်းပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

အသက်ငယ်ငယ်နဲ့အကြွေစောခဲ့ရတဲ့နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းကိုတာတာမျိုးကတော့မိတ်ဆွေခင်မင်သူပေါများခဲ့သူပါ။စိတ်မချစွာထားခဲ့ရတဲ့ ဇနီးနဲ့ချစ်ရတဲ့ရင်သွေးနှစ်ယောက်ကိုအလွန်ချစ်မြတ်နိုးခဲ့တာပါ။နန်းမြတ်ဖြိုသင်းနဲ့ချစ်သူသက်တမ်း(၉)နှစ်ကျော်လောက်ထိတွဲခဲ့ပြီးအချစ်စစ်နဲ့လက်ထက်ခဲ့တာပါ။ကိုတာတာမျိုးကလူရိုးတစ်ယောက်ဖြစ်လို့သူ့ကိုခင်မင်ကြတဲ့မိတ်ဆွေတွေပေါများတယ်လို့လဲသိရပါတယ်။

အသက်ရွယ်ငယ်သေးပေမယ့်ကပ်ရောဂါဆိုးကိုဗစ်ကြောင့်အသက်ဆုံးရှုံးသွားခဲ့ရတာပါ။ဇနီးဖြစ်သူနဲ့လက်ထက်ပြီးမှာပဲရင်သွေးလေးတန်းယူခဲ့ကြပြီးအိမ်ထောင်သက်တမ်း၄နှစ်သာရှိခဲ့တယ်လို့လဲသိရပါတယ်။ခုဆိုဇနီးဖြစ်သူ ဒုတိယရင်သွေးလေးကိုမွေးထားတာ(၄)လလောက်ပဲရှိသေးတာပါ၊လူလားမမြောက်သေးတဲ့ကလေးလေးတွေကတော့ဖခင်ဆိုတာကိုမှတ်မိပါ့မလားမသိ၊တကယ်စိတ်မကောင်းစရာပါပဲ။နန်းမြတ်ဖြိုးသင်းကတော့ကိုယ်တိုင်ကြုံတွေ့ခံစားရပြီးသူခံစားရတာတွေတောင်ပြောပြဖို့အတွက်စကားလုံးတောင်ရှာမတွေ့ခဲ့ပါဘူး။

အရမ်းချစ်ခဲ့ကြတဲ့ချစ်သူတွေခုလိုဝေးရမယ်လို့ဘယ်သူထင်မှာလဲ။ကိုတာတာမျိုးဆုံးတာရက်လည်ပြည့်ပြီမို့သူ့အတွက်ကုသိုလ်ကောင်းမှု့တွေပြုလုပ်ရင်းခင်ပွန်းဖြစ်သူကိုသတိရနေမှာပါပဲ။နန်းမြတ်ဖြိုးသင်းကတော့သူ့ခင်ပွန်းဖြစ်သူအတွက်အလှူပြုပေးကြတဲ့မိတ်ဆွေတွေကိုကျေးဇူးတင်မိကြောင်းသူ့ရဲ့လူမှု့ကွန်ရက်မှာမျှဝေထားပါတယ်။ရက်လည်အလှူလေးကိုကိုတာတာမျိုးရောက်ရာအရပ်ကသာဓုခေါ်နိုင်ပါစေ။ကျန်ရစ်သူမိသားစုလဲခံစားရသောသောကမှကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi

အသက္ငယ္ငယ္နဲ႕အေႂကြေစာခဲ့ရတဲ့ နန္းျမတ္ၿဖိဳးသင္းရဲ႕ခင္ပြန္း ကိုတာတာမ်ိဳးကေတာ့မိတ္ေဆြခင္မင္သူေပါမ်ားခဲ့သူပါ။စိတ္မခ်စြာထားခဲ့ရတဲ့ဇနီးနဲ႕ခ်စ္ရတဲ့ရင္ေသြးႏွစ္ေယာက္ကိုအလြန္ခ်စ္ျမတ္နိုးခဲ့တာပါ။နန္းျမတ္ၿဖိဳသင္းနဲ႕ ခ်စ္သူသက္တမ္း(၉)ႏွစ္ေက်ာ္ေလာက္ထိတြဲခဲ့ၿပီးအခ်စ္စစ္နဲ႕လက္ထက္ခဲ့တာပါ။ကိုတာတာမ်ိဳးကလူရိုးတစ္ေယာက္ျဖစ္လို႔သူ႕ကိုခင္မင္ၾကတဲ့မိတ္ေဆြေတြေပါမ်ားတယ္လို႔လဲသိရပါတယ္။

အသက္႐ြယ္ငယ္ေသးေပမယ့္ကပ္ေရာဂါဆိုးကိုဗစ္ေၾကာင့္အသက္ဆုံးရႈံးသြားခဲ့ရတာပါ။ဇနီးျဖစ္သူနဲ႕လက္ထက္ၿပီးမွာပဲရင္ေသြးေလးတန္းယူခဲ့ၾကၿပီး အိမ္ေထာင္သက္တမ္း၄ႏွစ္သာရွိခဲ့တယ္လို႔လဲသိရပါတယ္။ခုဆိုဇနီးျဖစ္သူကဒုတိယရင္ေသြးေလးကိုေမြးထားတာ(၄)လေလာက္ပဲရွိေသးတာပါ၊လူလားမေျမာက္ေသးတဲ့ကေလးေလးေတြကေတာ့ဖခင္ဆိုတာကိုမွတ္မိပါ့မလားမသိ၊တကယ္စိတ္မေကာင္းစရာပါပဲ။နန္းျမတ္ၿဖိဳးသင္းကေတာ့ကိုယ္တိုင္ႀကဳံေတြ႕ခံစားရၿပီးသူခံစားရတာေတြေတာင္ေျပာျပဖို႔အတြက္စကားလုံးေတာင္ရွာမေတြ႕ခဲ့ပါဘူး။

အရမ္းခ်စ္ခဲ့ၾကတဲ့ခ်စ္သူေတြခုလိုေဝးရမယ္လို႔ဘယ္သူထင္မွာလဲ။ကိုတာတာမ်ိဳးဆုံးတာရက္လည္ျပည့္ၿပီမို႔သူ႕အတြက္ကုသိုလ္ေကာင္းမႈ႕ေတြျပဳလုပ္ရင္း ခင္ပြန္းျဖစ္သူကိုသတိရေနမွာပါပဲ။နန္းျမတ္ၿဖိဳးသင္းကေတာ့သူ႕ခင္ပြန္းျဖစ္သူအတြက္အလႉျပဳေပးၾကတဲ့မိတ္ေဆြေတြကို ေက်းဇူးတင္မိေၾကာင္းသူ႕ရဲ႕လူမႈ႕ကြန္ရက္မွာမွ်ေဝထားပါတယ္။ရက္လည္အလႉေလးကိုကိုတာတာမ်ိဳးေရာက္ရာအရပ္ကသာဓုေခၚနိုင္ပါေစ။

Credit