Cele News

ဖခင်ဖြစ်သူတွေရဲ့နောက်ဆုံးခရီးမှာတောင် လိုက်ပါနှုတ်ဆက်ခွင့်မရလိုက်တဲ့ ပြည်သူချစ်အနုပညာရှင်များ

ဖခင်ဖြစ်သူတွေရဲ့နောက်ဆုံးခရီးမှာတောင်လိုက်ပါနှုတ်ဆက်ခွင့်မရလိုက်တဲ့ပြည်သူချစ်အနုပညာရှင်များ

မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာပြည်သူတွေကလုံးဝလက်မခံဘဲဆန့်ကျင်ဆန္ဒပြကြတာလည်းဖြစ်ပါတယ်။ပြည်သူတွေအပြင်အနုပညာရှင်အများစုကလည်းအမှန်တရားဘက်ကရပ်တည်ခဲ့ပြီးစစ်အာဏာရှင်ကိုတော်လှန်ခဲ့တာဘဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပြည်သူတချို့နဲ့အနုပညာရှင်တချို့ကိုဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။တချို့အနုပညာရှင်တွေကတော့ လွတ်မြောက်နယ်မြေတနေရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေစဥ်အတွင်းကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားတဲ့ဖခင်တွေရဲ့နောက်ဆုံးခရီးကိုတောင်လိုက်ပို့ခွင့်မရလိုက်တဲ့အနုပညာရှင်တွေဖြစ်တဲ့ပြေတီဦး၊ဖွေးဖွေး၊ထားထက်ထက်၊ညီနန္ဒနဲ့ချစ်သုဝေတို့ဘဲဖြစ်ပါတယ်။ဖခင်ကွယ်လွန်သွားတာတောင်လိုက်ပါနှုတ်ဆက်ခွင့်မရလိုက်ဘဲအဝေးကနေဘဲဖြေသိမ့်ခဲ့ရတာဖြစ်ပါတယ်။

သရုပ်ဆောင်ဖွေးဖွေးကတော့ ဖခင်ကွယ်လွန်သွားတာကိုအခုချိန်ထိလက်ခံလို့မရသေးဘဲဝမ်းနည်းနေရတာဖြစ်ပါတယ်။သရုပ်ဆောင်ပြေတီဦးကလည်းထောင်ထဲမှာရောက်နေတာကြောင့်ဖခင်ရဲ့နောက်ဆုံးခရီးက်ိုတွေ့ခွင့်မရဘဲနောက်ဆုံးဖခင်ရုပ်အလောင်းကိုတောင်တွေ့ခွင့်မရလိုက်ဘူးဘဲဖြစ်ပါတယ်။အောင်မြင်နေတဲ့အနုပညာရှင်တွေဖြစ်ပါလျက်အေးအေးလူလူနေလို့ရပေမယ့်ပြည်သူနဲအတူရဲရဲရင့်ရင့်တိုက်ပွဲဝင်ခဲ့လို့သာခုလိုဒုက္ခတွေခံစားနေရတာလည်းဖြစ်ပါတယ်။အားလုံးပြီးသွားရင်ပရိသတ်တွေကလည်းပြည်သူနဲ့ရပ်တည်ခဲ့တဲ့အနုပညာရှင်တွေကိုဒီထက်ပိုအားပေးကြရအောင်နော်။

Zawgyi Version

မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာပြည်သူတွေကလုံးဝလက်မခံဘဲဆန့်ကျင်ဆန္ဒပြကြတာလည်းဖြစ်ပါတယ်။ပြည်သူတွေအပြင်အနုပညာရှင်အများစုကလည်းအမှန်တရားဘက်ကရပ်တည်ခဲ့ပြီးစစ်အာဏာရှင်ကိုတော်လှန်ခဲ့တာဘဲဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေစဥ်အတွင်းကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားတဲ့ဖခင်တွေရဲ့နောက်ဆုံးခရီးကိုတောင်လိုက်ပို့ခွင့်မရလိုက်တဲ့အနုပညာရှင်တွေဖြစ်တဲ့ပြေတီဦး၊ဖွေးဖွေး၊ထားထက်ထက်၊ညီနန္ဒနဲ့ချစ်သုဝေတို့ဘဲဖြစ်ပါတယ်။ဖခင်ကွယ်လွန်သွားတာတောင်လိုက်ပါနှုတ်ဆက်ခွင့်မရလိုက်ဘဲအဝေးကနေဘဲဖြေသိမ့်ခဲ့ရတာဖြစ်ပါတယ်။

သရုပ်ဆောင်ဖွေးဖွေးကတော့ဖခင်ကွယ်လွန်သွားတာကိုအခုချိန်ထိလက်ခံလို့မရသေးဘဲဝမ်းနည်းနေရတာဖြစ်ပါတယ်။သရုပ်ဆောင်ပြေတီဦးကလည်းထောင်ထဲမှာရောက်နေတာကြောင့်ဖခင်ရဲ့နောက်ဆုံးခရီးက်ိုတွေ့ခွင့်မရဘဲနောက်ဆုံးဖခင်ရုပ်အလောင်းကိုတောင်တွေ့ခွင့်မရလိုက်ဘူးဘဲဖြစ်ပါတယ်။

Credit