Cele News

ကိုယ်တိုင်ဖခင်နေရာရောက်မှ မိဘတွေရဲ့ မေတ္တာတရားတွေကို ပိုခံစားတတ်လာတယ် ဆိုတဲ့ သရုပ်ဆောင် နက္ခတ်

ကိုယ်တိုင်ဖခင်နေရာရောက်မှမိဘတွေရဲ့
မေတ္တာတရားတွေကိုပိုခံစားတတ်လာတယ်ဆိုတဲ့သရုပ်ဆောင်နက္ခတ်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်နက္ခက်ကတော့ဇာတ်လမ်းတွဲတွေကနေအောင်မြင်လာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မကြာသေးမီကသရုပ်ဆောင်နက္ခက်ကချစ်သူကောင်မလေးနဲ့ရွှေလက်တွဲခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့နက္ခက်ကသူကိုယ်တိုင်ဖခင်ဖြစ်ရတော့မယ်ခံစားချက်လေးကိုပြောပြလာတာဘဲဖြစ်ပါတယ်။

နောက်လဆိုရင်ကျွန်တော်ရဲ့ရင်သွေးလေးကလူ့လောကထဲရောက်လာတော့မှာဆိုတော့ကိုယ်တိုင်ဖခင်ဆိုတဲ့နေရာရောက်တော့မယ့်အတွက်ပျော်ရွှင်ကြည်နူးမိတယ်။ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့သားတစ်ယောက်ဖြစ်ခဲ့ရတာလပိုင်းလောက်ပဲရှိသေးတဲ့အချိန်မှာကိုယ်တိုင်ကဖခင်ဖြစ်တော့မယ်ဆိုတော့အဖေအမေရဲ့မေတ္တာတရားတွေကိုပိုခံစားတတ်လာတယ်။

ကျွန်တော့်အမေကျွန်တော့်ကိုကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာအဖေနဲ့အမေဘယ်လောက်ပျော်ရွှင်ကြည်နှုးနေမယ်ဆိုတာကျွန်တော်သေသေချာချာခံစားမိပါတယ်ဒီအချိန်မှာအဖေကျနော့ဘေးမှာရှိနေသေးရင်အဖေပြောတဲ့ဆုံးမစကားတွေသားကြားချင်သေးတယ်ဗျာကျေးဇူးရှင်အဖေနဲ့အမေကိုအမြဲရှိခိုးဦးချလျက်ပါ။

Zawgyi Version




Credit