Cele News
အဆင်မပြေကြပ်တည်းနေတယ့်သရုပ်ဆောင်ဦးရွှေအိုးကို သွားရောက်ထောက်ပံ့ကူညီခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း
အဆင်မပြေကြပ်တည်းနေတယ့်သရုပ်ဆောင်ဦးရွှေအိုးကို သွားရောက်ထောက်ပံ့ကူညီခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း
ကိုဝေကတော့ပရဟိတမင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်ခဲ့ပြီးယခုနောက်ပိုင်းကာလတွေမှာအနုပညာလောကထဲတွေ့မြင်ရနည်းပါလာခဲ့ပါတယ်။ကိုဝေကယခုချိန်ထိတစ်ကိုယ်တည်းပါပဲ၊လူပျိုကြီးတစ်ယောက်ပေါ့၊အနုပညာလောကထဲအတွေ့နည်းလာပေမယ့်လူမှု့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုကူညီဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။
ယခုချိန်နိုင်ငံရေးအခြေအနေတွေကြောင့်ဆင်းရဲ့ချို့တဲ့ပြည်သူတွေ၊သဘာဝဘေးအန္တာရာယ်ကျရောက်နေတဲ့ပြည်သူတွေ၊ကပ်ရောဂါဆိုးကြောင့်ဝေဒနာခံစားနေရတဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်ကကူညီပေးနေတဲ့သူပါ။ကိုဝေကကပ်ရောဂါဆိုးကြောင့်အောက်စီဂျင်တွေလိုအပ်ချက်တွေအပေါ်မှာလဲတတ်နိုင်သလောက်ဖြည့်ဆီးမှု့တွေပြုလုပ်ခဲ့ပြီး၊နာရေးတွေမှာလဲ ကိုယ်တိုင်သွားရောက်ကူနေတဲ့သူပါ၊ကိုဝေကသွားလာရခက်ခဲလှတဲ့နေရာတွေဆီကိုကိုယ်တိုင်သွားရောက်ပြီးလှူဒါန်းခဲ့တာလဲဖြစ်ပါတယ်။
ခုချိန်ဘာအလုပ်အကိုင်မှမဖြစ်တော့တဲ့အနုပညာရှင်လောကရဲ့တစ်ချို့အနုပညာသမားတွေဟာ စားဝတ်နေရေးခက်ခဲနေကြတာပဲဖြစ်ပါတယ်။တစ်ချို့ဇာတ်ပို့ဇတ်ရံတွေဆိုအတော်လေးအခက်ခဲကြုံနေရတာပါ။ကိုဝေက အဲလိုခဲခက်နေတဲ့အနုပညာရှင်ထဲက သရုပ်ဆောင်ဦးရွှေအိုးဆီကို သွားရောက်ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။သူ့ရဲ့ဆိုရှယ်မှာလဲသူ့ရဲ့အလှူလေးကိုမျှဝေထားပါသေးတယ်။”ဝေဠုကျော်ဖောင်ဒေးရှင်းမှအဆင်မပြေကြပ်တည်းနေတယ့်သရုပ်ဆောင်ဦးရွှေအိုးအားမနေ့ကသွားရောက်ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ဆန်တစ်အိတ်၊ဆီ ၂ပိဿာ၊မျှစ်ခြောက်ကြက်ဥ ၃၀လုံး၊အဝတ်အထည်အသစ်များMaskလက်သန့်ဆေး၊ဆေးဝါးများနှင့်အလှူငွေ ၅သောင်းကျပ်တို့ကိုတတ်နိူင်သလောက်လေးသွားရောက်ကူညီပေးခဲ့ပါသည်။”ဆိုပြီးပြောပြလာပါတယ်။ကိုဝေရဲ့အလှူလေးအတွက် ပီတိဖြစ်ရပါတယ်နော်။
Zawgyi
Credit