Cele News
ယခုလတွင်ကျ​ရောက်တဲ့မွေးနေ့လေးမှာကုသိုလ်တွေအများကြီးရလိုက်တဲ့ သားတို့အမွှာညီအကို
ယခုလတွင်ကျ​ရောက်တဲ့မွေးနေ့လေးမှာကုသိုလ်တွေအများကြီးရလိုက်တဲ့ သားတို့အမွှာညီအကို
ချစ်ပရိတ်သတ်ကြီးရေချစ်စရာလဲကောင်းအကလဲကောင်းတဲ့ သားတို့အမွှာဆိုတဲ့ညီအကိုနှစ်ယောက်ကိုသိကြမှာပေါ့နော်။အမွှာလေးတွေကတော့အနုပညာပိုးပါလာကြတယ်လိုပြောရမှာပါပဲနော်၊သူတို့လေးတွေကိုMyanmar Got Talent ယှဥ်ပြိုင်ပွဲကနေပရိတ်သတ်တွေအသိများလာခဲ့တာပဲဖြစ်ပါတယ်။သူမတူတဲ့ဖျော်ဖြေတင်ဆက်မှု့လေးတွေကို ဒိုင်တွေသဘောကျနှစ်သက်အောင်လုပ်ဆောင်နိုင်တဲ့ညီအကို၂ယောက်ပါပဲ။
အခုဆိုဒိုင်တွေကပါအားကျရုံမကအမွှာလေးတွေကိုချစ်တဲ့ပရိတ်တွေအများကြီးရှိလို့နေပါပြီနော်။အမွှာလေးတွေကငယ်ရွယ်ပေမယ့်သူတို့တတ်တဲ့အနုပ ညာလေးနဲ့မိဘကိုလုပ်ကိုင်ကျွေးမွေးနေတဲ့သားလိမ္မာလေးတွေပါ၊မိဘကိုသိတတ်လွန်းတဲ့ကလေးတွေမို့ လူအများရဲ့အားပေးမှု့၊ချစ်ခင်မှု့တွေကိုပိုစေခဲ့တာလဲဖြစ်ပါတယ်။Sep1ရက်နေ့ကအမွှာလေးတွေရဲ့မွေနေ့လေးဖြစ်ကြောင်းသိရပါတယ်။သူတို့ရဲ့မွေးနေ့လေးမှာအိမ်မှာနေရင်းကုသိုလ်တွေအများကြီးယူခဲ့ကြပါတယ်။
သံဃာတော်တွေကိုဆွမ်း၊ဝတ္ထုပစ္စည်းများကပ်လှူခဲ့ပါတယ်၊ချစ်ရတဲ့မိခင်ကိုလဲသူတို့ရတဲ့အနုပညာကြေးလေးနဲ့ ဂါဝရပြုခဲ့ကြပါသေးတယ်။မထင်မှတ်ဘဲပျော်ရွှင်စရာမွေးနေ့လေးလုပ်ပေးခဲ့တဲ့သူ့ပရိတ်တွေကိုလဲကျေးဇူးတင်ကြောင်းပြောထားတာတွေ့ရပါတယ်၊”ထင်မှတ်မထားလောက်ဘဲပြီးပြည့်စုံတဲ့သားတို့ရဲ့မွေးနေ့လေးပါကျန်မာရေးအခြေအနေတွေကြောင့်ဘုန်းဘုန်းတို့ကိုအိမ်မှာပဲဆွမ်းကပ်လိုက်တယ်မိသားစုစုံစုံလင်လင်မို့ကျေနပ်ပီတိဖြစ်ရတယ်ချစ်ရတဲ့ပရိတ်သတ်ကြီးရေFbမှာမွေးနေ့ဆု တောင်းပေးကြပြီးMessengerမှာလည်းတကူးတကမွေးနေ့ဆုတောင်းပေးကြတာမို့အရမ်းချစ်ပါတယ်ဗျာမွေးနေ့မှာBirthday Surpriseလုပ်ပေးတဲ့မမတို့ကိုရီးတို့ကိုအရမ်းကျေးဇူးတင်ပါတယ်နော်”ဆိုပြီးသူရဲ့အပျော်လေးတွေကိုမျှဝေလာခဲ့ပါတယ်။
Zawgyi
Credit