Cele News

မိဘနှစ်ပါးလုံး ကိုဗစ်ကူးဆက်ခံလိုက်ရပေမယ့်ဖခင်ဖြစ်သူကရောဂါဒဏ်ပိုခံလိုက်ကြောင်းစိတ်မကောင်းစွာရင်ဖွင့်လာတဲ့ ရှင်မွေလ

မိဘနှစ်ပါးလုံးကိုဗစ်ကူးဆက်ခံလိုက်ရပေမယ့်ဖခင်ဖြစ်သူကရောဂါဒဏ်ပိုခံလိုက်ကြောင်းစိတ်မကောင်းစွာရင်ဖွင့်လာတဲ့ ရှင်မွေလ

ရှင်မွေလကတော့MRTV-4ရုပ်သံဇာတ်လမ်းကနေမွေးထုတ်လိုက်တဲ့အနုပညာကြယ်တစ်ပွင့်ဖြစ်ပါတယ်။သူကအနုပညာလောကထဲကိုဝင်လာတာမကြာသေးပေမယ့်သူ့ရဲ့ရုပ်ကရုပ်ရှင်သရုပ် ဆောင်ကိုမြင့်မြတ်နဲ့အတော်လေးဆင်တာကြောင့်ပရိတ်တွေအတော်အများကိုသတိထားမိလာစေခဲ့ပါတယ်။တစ်ချို့ကတော့မင်သားကိုမြင့်မြတ်ထက်တောင်ပိုချောတယ်လို့တောင်ပြောကြပါတယ်နော်။

ယခုလောဆယ်မှာတော့သူ့ရဲ့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေဆဲပါပဲနော်။ဇာတ်လမ်းတွဲတွေမှာလဲမကြာခဏဆိုသလိုမြင်နေရပါတယ်။နိုင်ငံရေးအ​ခြေအနေတွေနဲ့ရောဂါပြန့်ပွားမှု့တွေကြောင့်အိမ်မှာပဲမိသားစုနဲ့အတူရှိနေပါတယ်၊စိတ်မကောင်းစွာနဲ့ကြားသိရတာကတော့ရှင်မွေလရဲ့မိဘနှစ်ပါးလုံးကကိုဗစ်ရောဂါကူးဆက်ခံလိုက်ရပြီးခုချိန်မှာအဲရောဂါကိုကြိုးစားတိုက်ထုတ်နေကြပါတယ်။ကိုရှင်မွေလကတော့မိဘနှစ်ပါးလုံးရဲ့အနားမှာအနီးကပ်ပြုစုပေးနေတာပါ။

ကိုယ်တိုင်အနီးကပ်ပြုစုရတော့ကိုဗစ်ရောဂါ ဆိုးကအတော်လေးကိုလည်ကြောင်းမျက်မြင်ကိုယ်တွေ့မို့အံ့သြမိကြောင်းပြောပြထားပါတယ်။”တကယ်တော့ Covidဆိုတာတကယ်ကိုကြောက်ဖို့ကောင်းတဲ့ရောဂါပါကိုဗစ်ကမာယာများတာဗျကျွန်တော့်အဖေကရောဂါအခံမရှိတော့နည်းနည်းလေးလျော့တွက်မိလိုက်တာကြောင်ထင်ပါတယ်ကျွန်တော့်အဖေကိုကိုဗစ်ကပညာပြတာကိုခံလိုက်ရတယ်အဖေကရောဂါအခံမရှိဘူးဆိုပေမယ့်အမေထက်ပိုပြီးခံလိုက်ရတယ်အမေတောင်oxygenမရှုရဘူးအဖေကoxygenရှုရတယ်”ဆိုပြီးသူရဲ့အတွေ့ အကြုံလေးကိုမျှဝေလာခဲ့တာပါ။ဖတ်ရှု့ခဲ့လို့ကျေးဇူးပါနော်။

Zawgyi




Credit