Cele News

သက်ကြီးလူရွှင်တော်တွေအတွက် ဆန်၊ဆီနဲ့ အခြားလိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင်ခန့်စည်သူ

သက်ကြီးလူရွှင်တော်တွေအတွက်ဆန်၊ဆီနဲ့အခြားလိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့သရုပ်ဆောင်ခန့်စည်သူ

သရုပ်ဆောင်ခန့်စည်သူကတော့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီးအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားတဲ့သူတစ်ယောက်ပါ။ခန့်စည်သူကတော့ အနုပညာအရည်အချင်းပြည့်ဝပြီးဘက်စုံတော်တဲ့သူတစ်ယောက်ပါ။

ခန့်စည်သူကတော့လူထုလှုပ်ရှားမှုကြီးမှာလုံးဝမပါဝင်ခဲ့လို့ဝေဖန်ခံနေရပေမယ့်ပရဟိတအလုပ်တွေကိုဘဲအားသွန်ခွန်စိုက်လုပ်နေတဲ့သူတစ်ယောက်ပါ။ခန့်စည်သူကတော့မကြာခဏဆိုသလိုလိုအပ်တဲ့နေရာတွေကို သွားရောက်လှူဒါန်းပေးနေတာဘဲဖြစ်ပါတယ်။ဒီနေ့မှာတော့ခန့်စည်သူကသက်ကြီးလူရွှင်တော်အဖွဲ့ကိုသွားရောက်လှူဒါန်းဖြစ်ခဲ့ပုံကိုအခုလိုပြောပြလာပါတယ်။

သက်ကြီးလူရွှင်တော်ပညာရှင်ကြီးများ(ရန်ကုန်)အတွက်ရည်စူး၍ဆန်၊ဆီ၊ဆေး၊ငံပြာရည်၊ကြက်ဥ၊ကြာဆံ၊ဟင်းခတ်မှုန့်၊ဆပ်ပြာ၊ကြက်သွန်နီ၊လက်ဖက်၊Maskနှင့်မုန့်များကိုဂါရဝပြုလှူဒါန်းကန်တော့ခဲ့ပါတယ်။ပါဝင်ခဲ့ကြသောအလှူရှင်များနှင့်လက်ခံပေးခဲ့ပါသောလူရွှင်တော်အသင်း(ရန်ကုန်)ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။သက်ကြီးလူရွှင်တော်ပညာရှင်ကြီးများသက်ရှည်ကျန်းမာ၊စိတ်ချမ်းသာနိုင်ကြပါစေဆိုပြီးခန့်စည်သူမျှဝေလာတာဘဲဖြစ်ပါတယ်။

Zawgyi Version




Credit