Cele News
မိခင်အိုကြီးနဲ့ သမီးဖြစ်သူက မျက်စိကွယ်နေပြီး သားဖြစ်သူက ခြေထောက်ဖြတ်ထားရတဲ့မိသားစုလေးကို ကူညီလှူဒါန်းခဲ့တဲ့ ဝေဠုကျော်
မိခင်အိုကြီးနဲ့သမီးဖြစ်သူကမျက်စိကွယ်နေပြီးသားဖြစ်သူကခြေထောက်ဖြတ်ထားရတဲ့မိသားစုလေးကိုကူညီလှူဒါန်းခဲ့တဲ့ဝေဠုကျော်
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ဝေဠုကျော်ကတော့ အနုပညာနယ်ပယ်မှာစွယ်စုံရမင်းသားတစ်လက်ဖြစ်ပါတယ်။ဝေဠုကျော်ကတော့လက်ရှိမှာအနုပညာအလုပ်ထက်ပရဟိတအလုပ်တွေကိုစိတ်ရောကိုယ်ပါနစ်ပြီးလုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ကိုဗစ်ရောဂါကြောင့်အောက်စီဂျင်တွေလိုအပ်တုန်းကလည်းဝေဠုကျော်ကအမြန်ဆုံးပြည်သူတွေဆီအောက်စီဂျင်တွေလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။
ဒါအပြင်ဝေဠုကျော်ကအခုလိုကာလကြီးမှာစားဝတ်နေရေးကျပ်တည်းနေတဲ့ပြည်သူတွေဆီဆန်နဲအခြားလိုအပ်တာတွေလှူဒါန်းပေးနေတာဘဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဝေဠုကျော်ကဒုက္ခိတသားသမီးတွေနဲ့နေရပြီးစားဝတ်နေရးကျပ်တည်းနေတဲ့မိခင်အိုကြီးကိုအလှူငွေတွေသားရောက်လှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။
သာကေတမြို့နယ်၊၂ရပ်ကွက်၊ထူပါရုံ၂၁လမ်း၊မှအမေက၉၄နှစ်၊သားပင်စင်စားကခြေထောက်ဖြတ်ရပြီး၊သမီးအပျိုကြီးကမျက်စိကွယ်နေသည့် မိသားစုလေးအတွက်အလှူရှင်များလှူပေးထားသည့်အလှူငွေတစ်သိန်းငါးသောင်းကျပ်ကိုယနေ့ဒုတိယအကြိမ်သွားရောက်လှူပေးခဲ့ပါတယ်။အမေကြီးလှူချင်တာလှူစားချင်တာစား ဆေးဖိုးအတွက်လည်းအသုံးပြုနိူင်မှာပါ။လှူပေးကြသောအလှူရှင်များအားကျေးဇူးတင်ရှိပါတယ်ဆိုပြီးဝေဠုကျော်ကအလှူလေးကိုမျှဝေထားတာဘဲဖြစ်ပါတယ်။
Zawgyi Version
Crd