Cele News

ကိုဗစ်ရောဂါခံစားနေရတာ (၁၈)ရက်ရှိနေပြီမို့ ဆေးတွေအများကြီးသောက်ရနေပေမယ့် အားတင်းပြီးရင်ဆိုင်နေတဲ့ ဖွေးဖွေး

ကိုဗစ်ရောဂါခံစားနေရတာ(၁၈)ရက်ရှိနေပြီမို့ဆေးတွေအများကြီးသောက်ရနေပေမယ့်အားတင်းပြီးရင်ဆိုင်နေတဲ့ဖွေးဖွေး

ပရိသတ်တွေအားပေးချစ်ခင်ရတဲ့မင်းသမီးချောလေးဖွေးဖွေးကတော့အနုပညာပါရမီအပြည့်ပါပြီးကျရာဇာတ်ရုပ်တိုင်းမှာအပီပြင်ဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ဖွေးဖွေးကအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားပြီးနိုင်ငံတကာထိပါအောင်မြင်နေတဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။

အခုလိုတော်လှန်ရေးကာလကြီးမှာဖွေးဖွေးကတချို့အနုပညာရှင်တွေလိုအလှပုံလေးတွေတင်ဇိမ်နဲ့အေးဆေးနေနိုင်ပေမယ့်ကိုယ့်ကျိုးမကြည့်ဘဲပြည်သူနဲ့အမှန်တရားဘက်ကရပ်တည်ကာဒုက္ခဆင်းရဲတွေထပ်တူခံစားပေးနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာဖွေးဖွေးရဲ့ဖခင်ကလည်းကိုဗစ်ရောဂါကြောင့်ကွယ်လွန်ပြီးဖခင်ရဲ့နောက်ဆုံးခရီးတောင်တွေ့ခွင့်မရလိုက်ပါဘူး။

ဒါအပြင်ဖွေးဖွေးကကိုဗစ်ရောဂါပါကူးစက်ခံနေရပြီးဆေးတွေအများကြီးသောက်နေရတာလည်းဖြစ်ပါတယ်။ဒီနေ့နဲ့ဆိုဖွေးဖွေးကကိုဗစ်ကူးစက်ခံရတာ(၁၈)ရှိပြီလို့လည်းသိရပါတယ်။မင်းသမီးချောဖွေးဖွေးအမြန်ဆုံးသက်သာပြီးအရင်လိုအောင်မြင်တဲ့ဘဝကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေနော်။

Zawgyi Version




Credit