Cele News

ဘဝအခြေအနေချက်ချင်းပြောင်းလဲသွားခဲ့တဲ့ဒဏ်ကိုမခံစားနိုင်ကြောင်းရင်ဖွင့်လာတဲ့ စီစဥ်တင်ဆက်သူ စွမ်းထက်အောင်

ဘဝအခြေအနေချက်ချင်းပြောင်းလဲသွားခဲ့တဲ့ဒဏ်ကိုမခံစားနိုင်ကြောင်းရင်ဖွင့်လာတဲ့ စီစဥ်တင်ဆက်သူ စွမ်းထက်အောင်

ကိုစွမ်းထက်အောင်ကိုတော့ပရိတ်သတ်တွေ TV programတွေမှာစီစဥ်တင်ဆက်သူအနေနဲ့တွေ့နိုင်ပါတယ်နော်။အနုပညာလမ်းကိုလျှောက်လှမ်းနေတဲ့ကြယ်တစ်ပွင့်ပါပဲနော်။သူ့ရဲ့အစီအစီအစဥ်တွေကိုကြည့်ဖူးကြတဲ့သူတွေဆို သူ့ကိုသတိထားမိစေမှာအမှန်ပါပဲ။စွမ်းထက်အောင်ကတော့ယနေ့မီဒီယာတစ်ခုမှာသူ့ဘဝရဲ့အချိုးတကွေ့ခက်ခဲ့မှု့ကိုပြောပြလာခဲ့ပါတယ်။

နိုင်ငံရေးအ​ခြေအနေတွေကြောင့်လုပ်ငန်းတွေအကုန်ဆိုသလောက်ရပ်ဆိုင်းသွားခဲ့လို့ခုချိန်သူ့ရဲ့အနုပညာအလုပ်လဲရပ်နားထားရပါတယ်။နိုင်ငံရေးမကောင်းခုကပ်ရောဂါပါပါလာတော့လူတိုင်းအခက်ခဲတွေနဲ့ပေါ့၊စွမ်းထက်အောင်ကတော့ အလုပ်တွေရပ်နားထားလို့စာဝတ်ရေးအတွက်တစ်ခြားစီးပွားရေးကိုကူးပြောင်းလုပ်ကိုင်နေရပါတယ်။အွန်လိုင်းပေါ်ကနေအုန်းနို့ ခေါက်ဆွဲရောင်းပြီးစီးပွားရေးလုပ်ကိုင်နေတာပဲဖစ်ပါတယ်။

“ဘဝမှာခုလိုပင်ပန်းမှု့ကိုမကြုံဖူးဘူး၊တစ်နေကုန်လောက်မနားရဘူးပေါ့၊အမြတ်ဆိုလဲတစ်လမှ၃သောင်းလောက်ရတယ်၊နေ့တိုင်းရောင်းတာလဲမဟုလို့နေမှာပါ၊အရင်က ကျော့ကျော့လေးနေပြီးကိုဝါသနာပါတဲ့အနုပညာအလုပ်ကိုလုပ်နေရတာလေအခုတော့ဘဝဆိုတာချက်ချင်းကြီးခုလိုပြောင်းသွားလိမ့်မယ်လို့မထင်ထားဘူး၊အဲဒဏ်ကိုလဲမခံနိုင်ဘူး”ဆိုပြီးရင်ဖွင့်ပြောပြလာပါတယ်။ကြားရတာစိတ်မကောင်းစရာပါပဲ၊ပရိတ်သတ်ကြီးလဲကိုစွမ်းထက်အောင်ဆီမှာအုန်းနို့ခေါက်ဆွဲဝယ်စားပြီးအားပေးလိုက်ကြပါအုနော်။အုန်းနို့ခေါက်ဆွဲကတော့တကယ်စားချင်စရာပါပဲ၊ကိုစွမ်းထက်အောင်ရောင်းကောင်းပါစေနော်။

Zawgyi




Credit