Cele News
ဖခင်မရှိတော့တဲ့ကလေးငယ်တွေအတွက်ရပ်တည်နိုင်ဖို့စီးပွား​ရေးတစ်ခုစတင်လိုက်တဲ့ မေမေနန်းမြတ်ဖြိုးသင်း
ဖခင်မရှိတော့တဲ့ကလေးငယ်တွေအတွက်ရပ်တည်နိုင်ဖို့စီးပွား​ရေးတစ်ခုစတင်လိုက်တဲ့ မေမေနန်းမြတ်ဖြိုးသင်း
နန်းမြတ်ဖြိုးသင်းကိုတော့အားလုံးသိကြမယ်ထင်ပါတယ်၊အဆိုတော်တစ်ယောက်အနေနဲ့ရောသရုပ် ဆောင်တစ်ယောက်အနေနဲ့ရောပါအနုပညာလောကထဲမှာရပ်တည်နေသူပါ၊(၉)နှစ်တာချစ်ကြိုက်ခဲ့တဲ့ချစ်သူကိုတာတာမျိုးနဲ့လက်ထက်ခဲ့ပြီးခုဆိုရင်သွေးလေးနှစ်ယောက်တောင်ရနေပါပြီနော်၊အကြီးကသားလေးဖြစ်ပြီးအငယ်ကတော့သမီးလေးပါ၊အရမ်းလဲချစ်ဖို့ကောင်းကြပါတယ်နော်။
စိတ်မကောင်းစွာနဲ့ပဲအိမ်ထောင်သင်တမ်း၄နှစ်ကြာလောက်မှာခင်ပွန်းဖြစ်သူကိုဆုံးရှုံးလိုက်ရပါတယ်။ကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်၊ခုတော့နန်းမြတ်နဲ့သူမကလေးနှစ်ယောက်ထဲကျန်ခဲ့တာပါ၊နန်းမြတ်ကတော့သူ့ခံစားချက်တွေကိုတောင်ထုတ်ပြောဖို့စကားလုံးပင်မရှိလောက်အောင်ဝမ်းနည်းကြေကွဲခဲ့ရပါတယ်၊ဘယ်လောက်ပဲကြေကွဲ​ကြေကွဲသားသမီးလေးတွေအတွက်သူမတတ်နိုင်သလောက်အားတင်းထားခဲ့ပါတယ်။
ဖခင်မရှိတော့တဲ့သားသမီးလေးတွေကိုမျက်နှာမငယ်ရအောင်၊ကောင်းစွာရပ်တည်နိုင်အောင်နန်းမြတ်ဖြိုးသင်းကကြိုးစားရပ်တည်နေတာတွေ့ရပါတယ်။အခုနန်းမြတ်ကစီးပွား ရေးလုက်ငန်းလေးကိုစတင်လုပ် ကိုင်နေပါပြီ၊OnlineShopတစ်ခုဖြစ်ပါတယ်၊အမည်ကိုတော့mummysmarketလို့ပေးထားပါတယ်၊
သူမပရိတ်သတ်ကြီးကိုအသိပေးလာတာက”နန်းမြတ်ကိုယ်ပိုင်ပုံမှန်ဝင်ငွေရှိမှဖြစ်တော့မှာမို့onlineshopလေးတစ်ခုလုပ်ဖို့စီစဉ်ထားပါတယ်။အိမ်ရှင်မတစ်ယောက်၊မေမေတစ်ယောက်လိုအပ်မယ့်ပစ္စည်းလေးတွေရောင်းမှာပါ။အသုံးလိုမယ်အဆင်ပြေမယ်ဆိုအားပေးကြပါဦးနော်။နန်းမြတ်ကိုယ်တိုင်သုံးရတာအဆင်ပြေတဲ့ပစ္စည်းလေးတွေစရောင်းပါမယ်ရှင့်။Wholesaleပေးချင်တဲ့သူကူညီနိုင်မယ့်သူရှိရင်လဲဆက်သွယ်ပေးပါဦးနော်။ဘာမှအ ဆက်အသွယ်မရှိပဲခုမှစလုပ်မှာမို့လို့ပါ။စာနာသောအားဖြင့်ဂျင်းတော့မထည့်ကြပါနဲ့နော်။နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းဖို့မျှော်လင့်ပါတယ်။”ဆိုပြီးဖြစ်ပါတယ်နော်၊အားပေးလိုက်ကြပါဦးနော်။
Zawgyi
Credit