Cele News

မိုက်ကိုင်တဲ့လက်တွေက သေနတ်ကိုင်ရမယ်လို့ဘယ်တုန်းကမှ မတွေးခဲ့ပါဘူးဆိုတဲ့ လူရွှင်တော်တိုင်းကျော်နဲ့ပိုးလေး

မိုက်ကိုင်တဲ့လက်တွေကသေနတ်ကိုင်ရမယ်လို့ဘယ်တုန်းကမှမတွေးခဲ့ပါဘူးဆိုတဲ့လူရွှင်တော်တိုင်းကျော်နဲ့ပိုးလေး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ဟားငါးကောင်လူရွှင်တော်အဖွဲ့ကတော့အငြိမ့်စဥ်ပေါ်မှာဟာသပြက်လုံးတွေနဲ့အားလုံးကိုရီမောပျော်ရွင်အောင်လုပ်နိုင်သူတွေပါ။ဟားငါးကောင်ကတော့နယ်တကာလှည့်ပြီးဖျော်ဖြေပေးခဲ့တာလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာဟားငါးကောင်အဖွဲ့ကစစ်အာဏာရှင်ကိုတော်လှန်ခဲ့ပြီးပြည်သူတွေနဲ့အမှန်တရားဘက်ကရပ်တည်ကလမ်းမပေါ်ထိထွက်ကာဆန္ဒထုတ်ဖော်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာပြည်သူတွေနဲ့အတူအနုပညာရှင်အချို့ကိုဖမ်းဝရမ်းထုတ်ခဲ့ပြီးတချို့လည်းဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ဟားငါးကောင်အဖွဲ့ကတော့လွတ်မြောက်နယ်​မြေကိုရောက်သွားပြီးဆက်လက်တော်လှန်နေဆဲဖြစ်ပါတယ်။

မိုက်ကိုင်တဲ့လက်တွေကသေနတ်ကိုင်ရမယ်လို့ဘယ်တုန်းကမှမတွေးခဲ့ပါဘူး၊ခုတော့တကယ်ဖြစ်လာခဲ့ပြီလေ။မင်းတို့အလှည့်ရောက်ပြီနော်။ဆိုပြီးဟားငါးကောင်ဟာသအဖွဲ့ထဲကလူရွှင်တော်ပိုးလေးနဲ့တိုင်းကျော်ကပြောပြထားတာလည်းဖြစ်ပါတယ်။

Zawgyi Version




Credit