Cele News

မတရားဖမ်းဆီးခံရတာ ငါးလပြည့်ပြီပြီဖြစ်တဲ့ သူငယ်ချင်းပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် အမြန်ဆုံးပြန်လွှတ်ဖို့ ဆုတောင်းပေးနေတဲ့ ညီနန္ဒ

မတရားဖမ်းဆီးခံရတာငါးလပြည့်ပြီပြီဖြစ်တဲ့သူငယ်ချင်းပြေတီဦးနဲ့အိန္ဒြာကျော်ဇင်အမြန်ဆုံးပြန်လွှတ်ဖို့ဆုတောင်းပေးနေတဲ့ညီနန္ဒ

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ညီနန္ဒကတော့ကျရာဇာတ်ရုပ်မှာအကောင်းဆုံးသရုပ်ဆောင်နိုင်ပြီးပရိသတ်ချစ်တဲ့ဇာတ်ပို့ကောင်းတစ်ယောက်ဖြစ်ပါတယ်။ကိုဗစ်ကာလမှာလည်းညီနန္ဒကအနုပညာအလုပ်တွေရပ်နားထားရတာကြောင့်ထောပတ်ထမင်းရောင်းချခဲ့ပြီးပရိသတ်တွေကအားပေးခဲ့ကြတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ညီနန္ဒကမတရားမှုကိုလက်ပိုက်ကြည့်မနေနဲ့ဘဲအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဖမ်းဝရမ်းထုတ်ခံရပြီးညီနန္ဒကထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ညီနန္ဒကမတရားဖမ်းဆီးခံလိုက်ရတဲ့သူငယ်ချင်းပြေတီဦးနဲ့အူဝဲအတွက်အမြန်ဆုံးပြန်လွတ်ဖို့ဆုတောင်းပေးလာတာလည်းဖြစ်ပါတယ်။ညီနန္ဒကမိသားစုနဲ့ခွဲခွာနေရတာ၅လပြည့်တဲ့နေ့၊အမြန်ဆုံးပြန်ဆုံနိုင်ပါစေလို့ပဲဆုတောင်းပေးနိုင်တယ်သူငယ်ချင်းနဲ့အူဝဲရယ်ဆိုပြီးဝမ်းနည်းစွာပြောပြလာတာပါ။

Zawgyi Version




Credit