Cele News

မသန်းစွမ်းသူများအတွက်ကျပ်သိန်း(၁၀၀) ဝန်းကျင်ခန့် ခုနှစ်ရက်သားသမီးများနှင့်အတူလှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ

မသန်းစွမ်းသူများအတွက်ကျပ်သိန်း(၁၀၀) ဝန်းကျင်ခန့် ခုနှစ်ရက်သားသမီးများနှင့်အတူလှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ

မခိုင်နှင်းဝေရဲ့ယနေ့အလှူလေးကတော့အနယ်နယ်အရပ်ရပ်ကနေအကူညီတောင်းခံထားကြတဲ့မသန်စွမ်းသူတွေအတွက်လှူဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ယနေ့အလှူလေးကို၇ရက်သားသမီးများနဲ့အတူပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။မခိုင်နှင်းဝေကတော့အကူညီလိုအပ်နေတဲ့မည်သူမဆိုတတ်နိုင်တဲ့ဘက်ကနေပါဝင်လှူဒါန်းနေတာပဲဖြစ်ပါတယ်။ခုရက်ပိုင်းလေးအတွင်းမှာလဲ မိဘမှစွန့်ပြစ်သွားတဲ့ကလေးငယ်လေးကိုခေါ်ယူမွေးစားခဲ့ပါသေးတယ်။သုသာန်တစ်နေရာမှာစွန့်ပြစ်ခဲ့ကြတာပါ၊အတော်လေးစိတ်မကောင်းစရာပါပဲ။

မခိုင်နှင်းဝေကတော့သူမထံမှာရှိနေတဲ့သားသမီးလေးများကိုရင်ဝယ်မခြားစောင့်ရှောက်ပေးတဲ့သူပါ၊သူမလိုမေတ္တာကြီးမားဖို့ဆိုတာလူတိုင်းမလုပ်နိုင်ကြပါဘူး၊တကယ်လေးစားစရာကောင်းတဲ့အမျိုးသမီးတစ်ဦးပါတယ်။အနုပညာလောမှာကြယ်တစ်ပွင့်ဖြစ်သလိုပြည်သူတွေအတွက်သူရဲကောင်းအမျိုးသမီးတစ်ဦးလို့ဆိုရပါမယ်၊သူမရဲ့အလှူပုံရိပ်တွေများကလဲမြင်သူအဖို့ဝမ်းသာကြည်းနူးမျက်ရည်တောင်ကျမိမှာပါ။

ယနေ့အတွက်အလှူလေးကိုလဲမခိုင်လေးကိုချစ်သူတွေအတွက်မျှဝေပေးလိုက်ရပါတယ်။”WheelChairလိုအပ်နေတဲ့အနယ်နယ်အရပ်ရပ်မှအကူအညီတောင်းခံထားသောမသန်စွမ်းညီအစ်ကိုမောင်နှမများအတွက်တတ်နိုင်တဲ့ဘက်ကလှူဒါန်းပေးသွားမဲ့အလှူလေးပါရှင်ပထမတသုတ်အနေနဲ့အယောက် ၅၀)စာ(သိန်း၁၀၀)ဝန်းကျင်ခန့်လှူပေးသွားပါမယ်ခုနှစ်ရက်သားသမီးများအားလုံးရဲ့စုပေါင်းကုသိုလ်လေးလဲဖြစ်ပါတယ်ရှင်”ဆိုပြီးရေးသာမျှဝေလာပါတယ်။ကုသိုလ်လေးကိုဝေမျှရင်းသာဓုခေါ်ပေးသွားကြပါဦးနော်။

Zawgyi




Credit