Cele News
မြန်မာပြည်အစွန်အဖျားက ပြည်သူတွေကို လှူဒါန်းရင်း သူတို့အဆင်ပြေရင် ပျော်ပါတယ်လို့ပြောလာတဲ့ ဒါရိုတ်တာကိုပေါက်
မြန်မာပြည်အစွန်အဖျားကပြည်သူတွေကိုလှူဒါန်းရင်း သူတို့အဆင်ပြေရင်ပျော်ပါတယ်လို့ပြောလာတဲ့ဒါရိုတ်တာကိုပေါက်
ပရိသတ်တွေချစ်ခင်အားပေးရဲ့သရုပ်ဆာင်ဒါရိုတ်တာကိုပေါက်ကတော့ဟာသဇာတ်ကားတွေနဲ့လူသိများအောင်မြင်လာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကိုပေါက်ကတော့စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာမတရားမှုကိုလက်မခံဘဲပြည်သူတွေနဲ့အတူလမ်းမပေါ်ထိထွက်ကာဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့်မလို့ကိုပေါက်ကိုပုဒ်မ၅၀၅နဲ့ဖမ်းဝရမ်းထုတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။လက်ရှိမှာကိုပေါက်ကလွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီးစစ်အာဏာရှင်ကိုဆက်လက်တော်လှန်နေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ကိုပေါက်ကမြန်မာအစွန်အဖျားကခက်ခဲနေတဲ့ပြည်သူတွေကိုလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။
ကိုပေါက်ကလူကိုလူလိုချစ်ပါခင်ပါလေးစားပါ။
အားလုံးကအတူတူပါပဲ။နာမည်ကွဲပြားမှုတွေနဲ့အသားအရောင်မတူခြင်းတွေကအရေးမကြီးပါဘူး။သူတို့လေးတွေအဆင်ပြေရင်ကျနော်ပျော်တယ်။မြန်မာပြည်အစွန်အဖျားတစ်နေရာမှညီနောင်သားချင်းတို့အတွက်ညီအစ်ကိုတွေအတူတူလှူဆိုပြီးသူရဲ့အလှူလေးကိုသာဓုခေါ်နိုင်အောင်မျှဝေထားတာလည်းဖြစ်ပါတယ်။
Zawgyi version
Credit