Cele News

ဖခင်ကြီးကွယ်လွန်ခြင်း(၂)လပြည့်ကိုရည်စူးပြီးအလှူငွေဆယ်သိန်း၊ဆန်အိတ်တစ်ရာကျော်နဲ့ အခြားလိုအပ်တာတွေ လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ဖခင်ကြီးကွယ်လွန်ခြင်း(၂)လပြည့်ကိုရည်စူးပြီးအလှူငွေဆယ်သိန်း၊ဆန်အိတ်တစ်ရာကျော်နဲ့အခြားလိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ခန့်စည်သူ

သရုပ်ဆောင်ခန့်စည်သူကတော့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီးအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားပါတယ်။သရုပ်ဆောင်ခန့်စည်သူကတော့အလှူအတန်းလည်းရက်ရောပြီးမကြာမခဏဆိုသလိုလိုအပ်တဲ့နေရာတွေကိုတတ်နိုင်သလောက်သွားရောက်လှူဒါန်းပေးနေတာဖြစ်ပါတယ်။ဒီနေ့မှာတော့ကွယ်လွန်သွားတာနှစ်လပြည့်ပြီဖြစ်တဲ့ဖခင်ကိုရည်စူးပြီးအလှူအတန်းတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ခန့်စည်သူကကျေးဇူးရှင်ဖခင်ကြီးကွယ်လွန်ခြင်း(၂)လပြည့်ရည်စူးအလှူ၊ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ဝတ္တကမြေအတွင်းရှိဘုန်းတော်ကြီးကျောင်း(၁၁)ကျောင်းတွင်သီတင်းသုံးနေထိုင်တော်မူကြသောပဓာနနာယကဆရာတော်ကြီးများနှင့်သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခြင်းနှင့်

ယခုကာလတွင်ဆွမ်းအခက်အခဲမရှိစေရန်ကာလဒါနအလှူအဖြစ်အလှူငွေ၁၁သိန်း၊ဆန်အိတ်၁၁၀အိတ်၊ဆီပိဿာ၁၁၀၊ပဲပိဿာ၁၁၀၊ကြက်သွန်ပိဿာ၁၁၀၊Meggiဟင်းခတ်မှုန့်ဂျပ်ဖာပုံး၂၂ပုံး၊စုစုပေါင်းသိန်း(၇၀)တန်ဖိုးအားသံဃာ့ဂုဏ်ကိုရည်မှန်း၍၊စေတနာသုံးတန်ပြဋ္ဌာန်းလျက်လှူဒါန်းခဲ့ပါတယ်။ကျေးဇူးရှင်ဖခင်ကြီးနှင့်တကွကြားကြားသမျှအားလုံးတို့အားအမျှပေးဝေပါကုန်၏။အမျှရကြသည်ဖြစ်၍၊သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေဆိုပြီးခန့်စည်သူကမျှဝေလာတာဘဲဖြစ်ပါတယ်။

Zawgyi Version




Credit