Cele News

မွေးကင်းစသမီးလေးကို စွန့်ပစ်ထားလို့ သွားရောက်ကူညီခဲ့ပေမယ့် သေသလား ရှင်မလား မသိရသေးဘူးဆိုတဲ့ ခိုင်နှင်းဝေ

မွေးကင်းစသမီးလေးကိုစွန့်ပစ်ထားလို့သွားရောက်ကူညီခဲ့ပေမယ့် သေသလားရှင်မလားမသိရသေးဘူးဆိုတဲ့ခိုင်နှင်းဝေ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ခိုင်နှင်းဝေကတော့အနုပညာအလုပ်တွေထက်ပရဟိတအလုပ်တွေကိုဘဲအားသွန်ခွန်စိုက်လုပ်ကိုင်ပေးနေသူတစ်ယောက်ပါ။ခိုင်နှင်းဝေကတော့ခိုင်မိသားစုဂေဟာကိုဖွင့်လှစ်ထားပြီးစွန့်ပစ်ခံရတဲ့မိဘမဲ့ကလေးကိုကူညီစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။

ဒါအပြင်ခိုင်နှင်းဝေကတော့အခုလိုကာလကြီးမှာခက်ခဲနေတဲ့ပြည်သူတွေကိုလိုအပ်တာတွေပုံမှန်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ခိုင်နှင်းဝေကစွန့်ပစ်ခံထားရတဲ့သမီးလေးရဲ့အသက်ကိုအချိန်မှီကယ်နိုင်ပါမလားဆိုတာစိတ်ပူစွာနဲ့အခုလိုပြောပြလာပါတယ်။

ဝါးခယ်မဘက်မှာမွေးကာစသမီးလေးကိုစွန့်ပစ်ထားကြောင်းဆက်သွယ်လာပါတယ်ရှင်ကလေးသေလားရှင်လားဆိုတာမသိရသေးတဲ့အတွက်လိုအပ်တဲ့စောင့်ရှောက်မှုများပြုလုပ်ထားပါတယ်။အသက်ရှင်ပြီးလူ့လောကထဲချောမောစွာရပ်တည်ရှင်သန်နိုင်ဘို့မျှော်လင့်ပါတယ်။ရှင်သန်ခွင့်လေးရအောင်အတတ်နိုင်ဆုံးကူညီစောင့်ရှောက်ပေးပါမယ်ရှင်ဆိုပြီးမျှဝေထားတာလည်းဖြစ်ပါတယ်။

Zawgyi Version




Credit