Cele News

ကိုယ့်သွေးရင်းမဟုတ်ပေမဲ့ကိုယ့်သားသမီးလိုပဲချစ်ခင်ပေးတဲ့ ခင်ပွန်း​ဖြစ်သူကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ အဆိုတော်ချမ်းချမ်း

ကိုယ့်သွေးရင်းမဟုတ်ပေမဲ့ကိုယ့်သားသမီးလိုပဲချစ်ခင်ပေးတဲ့ ခင်ပွန်း​ဖြစ်သူကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ အဆိုတော်ချမ်းချမ်း

ချစ်ပရိတ်သတ်ကြီးရေချမ်းချမ်းကတော့နိုင်ငံတော်အဆိုတော်တစ်ယောက်ဆိုတာသိပြီးသားဖြစ်မှာပါ၊သူမခေတ်အခါကချမ်ချမ်းကတစ်ဟုန်ထိုးကျော်ကြားခဲ့တဲ့အနုပညာကြယ်တစ်ပွင့်ပါပဲ၊ချမ်းချမ်းကအိမ်ထောင်ကျပြီးသမီးလေးတစ်ယောက်ရပြီးနောက်ပိုင်ယောကျားဖြစ်သူနဲ့ပုဂ္ဂိုလ်ရေးပြသနာကြောင့်ကွာရှင်းပျက်ဆဲခဲ့ကြပါတယ်၊အခုကတော့ချမ်းချမ်းကဒုတိယအိမ်ထောင်နဲ့နောက်ထပ်သမီးလေးတစ်ဦးတောင်ရနေပါပြီနော်။

ချမ်းချမ်းနဲ့နောက်အိမ်ထောင်အမျိုးသားကတော့နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး၊စိတ်သဘောထားလဲပြည့်ဝတယ်လို့သိရပါတယ်၊ခင်ပွန်းဖြစ်သူနဲ့အတူလိုက်နေရင်းအမိနိုင်ငံကိုသတိရနေတယ်လို့သိရပါတယ်၊ချမ်းချမ်းကမျိုးချစ်စိတ်ပြည့်ဝတဲ့သူမို့အမိနိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးအ​ခြေအနေကြောင့်လွန်စွာခံပြင်းနေပြီးအမှန်တရားအတွက်လုပ်ကိုင်ပေးနေခဲ့ပါတယ်၊နိုင်ငံရပ်ခြားမှာရှိနေပေမယ့်ခင်ပွန်းဖြစ်သူကအစစအရာရာချစ်ခင်နားလည်ပေးခဲ့လို့ကျေးဇူးတင်ကြောင်းပြောပြထားပါတယ်။

မနေ့ကသူမရဲ့ခင်ပွန်းမွေးနေ့လေးဖြစ်ပါတယ်နော်။ချစ်ခင်ပွန်းရဲ့မွေးနေ့လေးမှာသူမရဲ့ရင်တွင်းစကားလေးတွေကိုလှိုက်လဲစွာပြောပြလာခဲ့ပါတယ်။”ပျော်ရွှင်စရာမွေးနေ့ပါအချစ်ရေဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ်အမြဲနားလည်ပေးရှိပေးတဲ့အရာရာကိုနားလည်လက်ခံပေးတဲ့မင်းရဲ့စိတ်ဓါတ်နဲ့ချစ်ခြင်းမေတ္တာအတွက်ကျေးဇူးပါ၊ကိုယ့်သွေးရင်းမဟုတ်ပေမဲ့ကိုယ့်သားသမီးလိုပဲအစစအရာရာစိုးရိမ်ပေးချစ်ပေးတဲ့အတွက်ရောမေတ္တာတရားတွေပြည့်နေတဲ့မင်းကကိုယ့်လိုအဖက်ဖက်ကမပြည့်စုံတဲ့မိန်းမတယောက်ကိုဘဝတခုလုံးပေးပြီးရွေးချယ်ခဲ့လို့မင်းကိုကျေးဇူးတင်ပါတယ်ကျမနိုင်ငံအတွက်ဘယ်အချိန်မဆိုရက်ရောစွာကူညီပေးတတ်တဲ့မင်းကြောင့်စိတ်ချမ်းသာရပါတယ်”ဆိုပြီးဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။

Zawgyi




Credit