Cele News

ဂျာမဏီရုပ်ရှင်ပွဲတော်မှာ ပြသဖို့ရွေးချယ်ခံရတဲ့ အိန္ဒြာကျော်ဇင်နဲ့ပိုင်ဖြိုးသုရဲ့ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဂုဏ်ပြစကားပြောလာတဲ့ ဖွေးဖွေး

ဂျာမဏီရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံရတဲ့အိန္ဒြာကျော်ဇင်နဲ့ပိုင်ဖြိုးသုရဲ့ရုပ်ရှင်ဇာတ်ကားကြီးအတွက်ဂုဏ်ပြစကားပြောလာတဲ့ဖွေးဖွေး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးဖွေးဖွေးကတော့အနုပညာနယ်ပယ်မှာစွယ်စုံရမင်းသမီးတစ်လက်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ဖွေးဖွေးကတော့အကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားပြီးအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဖွေးဖွေးကတော့အောင်မြင်မှုတွေဘေးချပြီးပြည်သူနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။မကြာသေးမီကဖွေးဖွေးရဲ့ဖခင်ကွယ်လွန်သွားခဲ့ပြီးထွက်ပြေးတိမ်းရှောင်နေရတာကြောင့်နောက်ဆုံးခရီးကိုတောင်လိုက်ပါပို့ဆောင်ခွင့်မရလိုက်ပါဘူး။လက်ရှိမှာဖွေးဖွေးကကိုဗစ်ရောဂါခံစားနေရကနေသက်သာနေပြီလို့လည်းသိရပါတယ်။

ဒီနေ့မှာတော့ဖွေးဖွေးကဂျာမဏီနိုင်ငံမှာပြသမယ့်သရုပ်ဆောင်အိန္ဒြာကျော်ဇင်နဲ့ပိုင်ဖြိုးသုရဲ့ရုပ်ရှင်ဇာတ်ကားသစ်ကြီးအတွက်ဂုဏ်ပြုစကားပြောထားတာဘဲဖြစ်ပါတယ်။ဖွေးဖွေးကဂုဏ်ယူပါတယ်။တ​နေ့​နေ့ဘေးကင်းလုံခြုံစွာအိမ်ပြန်ကြရပါ​စေ၊မအူဝဲ၊ကိုဏကြီး+သုသုဆိုပြီးဆုတောင်းပေးထားတာလည်းဖြစ်ပါတယ်။

Zawgyi Version




Credit