Cele News

ပိုင်တံခွန်ရဲ့မွေးနေ့လေးမှာ အမြန်ဆုံးပြန်လွတ်ပါစေလို့ ဆုတောင်းပေးကြတဲ့ အနုပညာသူငယ်ချင်းများ

ပိုင်တံခွန်ရဲ့မွေးနေ့လေးမှာအမြန်ဆုံးပြန်လွတ်ပါစေလို့ဆုတောင်းပေးကြတဲ့အနုပညာသူငယ်ချင်းများ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ပိုင်တံခွန်ကတော့နိုင်ငံတကာထိအောင်မြင်မှုတွေပိုင်ဆိုင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ပိုင်တံခွန်ကတော့အောင်မြင်မှုထက်အမှန်တရားနဲ့လွတ်လပ်ခွင့်ကိုပိုမြတ်နိုးပြီးပြည်သူနဲ့အတူ ရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်ပိုင်တံခွန်ကိုမတရားဖမ်းဆီးခဲ့ကြပြီးအင်းစိန်ထောင်ကိုပို့ဆောင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒီနေ့ကတော့မင်းသားချောပိုင်တံခွန်ရဲ့(၂၅)နှစ်ပြည့်မွေးနေ့လေးဘဲဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့မွေးနေ့လေးမှာသတိတရနဲ့သူငယ်ချင်းတွေဖြစ်တဲ့တိုင်ရွန်၊အောင်မင်းခန့်နဲ့စည်သူဝင်းတို့ကပိုင်တံခွန်အမြန်ဆုံးလွတ်မြောက်စေဖို့ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်မတရားဖမ်းဆီးခံခဲ့ရတာဒီနေ့နဲ့ဆိုရက်ပေါင်း(၁၆၀)ကျော်ပြီလည်းဖြစ်ပါတယ်။ပရိသတ်ကြီးကလည်းပိုင်တံခွန်ရဲ့မွေးနေ့လေးမှာအမြန်ဆုံးပြန်လွတ်ဖို့ဆုတောင်းပေးပါဦး။

Zawgyi Version




Credit