Cele News

ယနေ့ကျရောက်တဲ့မိခင်ရဲ့မွေးနေ့လေးအတွက်မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သီဟအောင်

ယနေ့ကျရောက်တဲ့မိခင်ရဲ့မွေးနေ့လေးအတွက်မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သီဟအောင်

သီဟအောင်ကိုခုနောက်ပိုင်းပိုသိလာကြမယ်ထင်ပါတယ်နော်၊အနုပညာရှင်မျိုးရိုးကနေပဲဆင်းသက်လာသူပါ၊အကယ်ဒမီလူငယ်လေးများအဖွဲ့ကနေလူသိများလာခဲ့ပါတယ်၊ဟိုတစ်ခေါက်ကအကယ်ဒမီပေးပွဲအစီအစဥ်ကိုပါဝင်ရန် ကိုရုပ်ရှင်လောကသားတွေရဲ့သားသမီးတွေပဲခွင့်ပြုခဲ့ပါတယ်၊အဲနောက်ပိုင်းလူတွေကပိုပြီးမျိုးဆက်သစ်အနုပညာရှင်သားသမီးတွေကိုသတိထားမိလာကြတာပဲဖြစ်ပါတယ်

အခုဆိုသီဟအောင်ကသူ့ကိုချစ်တဲ့ပရိတ်သတ်အတော်အများကိုပိုင်ဆိုင်နေပါပြီနော်၊အနုပညာလုပ်ငန်းတွေကိုလဲတစ်ဖြည်းဖြည်းလုပ်ကိုင်လာတာလဲတွေ့ရပါတယ်၊သီချင်းဗီဒီယိုတွေ၊မော်ဒယ်အလုပ်တွေထဲမှာပါတွေ့လာရပါတယ်၊သီဟအောင်ကငယ်ရွယ်တဲ့အပြင်ရုပ်ရူပါကဖြောင့်တော့မိန်းခလေးပရိတ်သတ်တွေရဲ့ဝန်းရံခြင်းကိုခံနေရတဲ့သူဆိုလဲမမှားပါဘူးနော်၊ယနေ့မှာတော့သူချစ်ရတဲ့မိခင်ရဲ့မွေးနေ့လေးကျရောက်တယ်လို့သိရပါတယ်

အမေ့မွေးနေ့လေးအတွက်သူရဲ့ဆိုရှယ်မှာမွေးနေ့ဆုတောင်းလေးပြုထားပါသေးတယ်၊သူ့ရဲ့မိဘကိုဘယ်လောက်ချစ်လဲဆိုပုံလေးတွေကြည့်ရင်ပဲသိရနေရပါပြီနော်၊”Happy Birthdayပါမေမေမွေးနေ့မှစလို့ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့သားအနားမှာအချိန်အကြာကြီးဆက်ရှိပေးသွားပါဦးလို့ဆုတောင်းလိုက်ပါတယ်မေမေ”ဆိုပြီးသူ့ရဲ့မွေးနေ့ဆုတောင်းစာလေးကိုပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်၊သူ့ရဲ့ချစ်ပရိတ်သတ်တွေကလဲဟက်ဗီဘက်ဒေးပါယောခမကြီးဆိုပြီးတောင်မန့်ထားကြတာတွေ့ရပါတယ်၊ချစ်ပရိတ်သတ်ကြီးလဲနောက်ကျနေအုန်းမယ်သွားပြီးဆုတောင်းပေးလိုက်ကြပါဦး၊ဖတ်ရှူ့ခဲ့လို့ကျေးဇူးပါ။

Zawgyi




Credit