Cele News

နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုချီးမြှင့်ခံရတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်

နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာအကောင်းဆုံးသရုပ်ဆောင်ဆုချီးမြှင့်ခံရတဲ့သရုပ်ဆောင်အိန္ဒြာကျော်ဇင်

What happened to the wolf ရုပ်ရှင်ဇာတ်ကားကိုဒါရိုက်တာဏကြီးကရိုက်ကူးထားပြီးသရုပ်ဆောင်များအဖြစ်အိန္ဒြာကျော်ဇင်၊ပိုင်ဖြိုးသု၊လွင်မိုး၊အောင်မြင့်မြတ်တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီးဧည့်သည်သရုပ်ဆောင်များအဖြစ်ကျော်ထက်အောင်၊ထူးသာ၊သီရိစိုး၊အားကိုးရာတို့ကသရုပ်ဆောင်ထားကြပါတယ်။

အဆိုပါရုပ်ရုပ်ဇာတ်ကားကြီးမှသရုပ်ဆောင်အိန္ဒြာကျော်ဇင်နဲ့ပိုင်ဖြိုးသုကိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာဆန်ခါတင်ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ဂျာမဏီနိုင်ငံ Oldenburg International Film Festival တွင် what happened to the wolf?ရုပ်ရှင်ဇာတ်ကားဖြင့်အိန္ဒြာကျော်ဇင်ဟာ Seymour Cassel Award for Best Performance ဆုရရှိခဲ့ကြောင်းသိရပါတယ်။

အခုလိုနိုင်ငံတကာရုပ်ရှင်ပွဲတော်တခုတွင်ဆုချီးမြှင့်ခြင်းခံရပေမယ့်အိန္ဒြာကျော်ဇင်ဟာမတရားဖမ်းဆီးခံခဲ့ရတာ၆လနီးပါးရှိပြီလည်းဖြစ်ပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့သူတွေအမြန်ဆုံးပြန်လွတ်မြောက်ကြပါစေ။

Zawgyi Version




Credit