Cele News

မိသားစုလိုက် ကိုဗစ်ဖြစ်ခဲ့ပြီး အဒေါ်လည်းဆုံး အမေဖြစ်သူလည်းအိပ်ယာထဲလဲတဲ့အချိန်မှာ သံဝေဂရပြီး မယ်သီလရှင်ဝတ်လိုက်တဲ့ မိုးပြည့်ပြည့်မောင်

မိသားစုလိုက်ကိုဗစ်ဖြစ်ခဲ့ပြီးအဒေါ်လည်းဆုံးအမေဖြစ်သူလည်းအိပ်ယာထဲလဲတဲ့အချိန်မှာသံဝေဂရပြီးမယ်သီလရှင်ဝတ်လိုက်တဲ့မိုးပြည့်ပြည့်မောင်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်မိုးပြည့်ပြည့်မောင်ကဗီဒီယိုတစ်ခေတ်မှာအောင်မြင်ခဲ့တဲ့မင်းသမီးတသ်လက်ဖြစ်ပါတယ်။ဒီနေ့မှာတော့မိုးပြည့်ပြည့်မောင်ကသူမတွေ့ကြုံခဲ့ရတဲ့ခါးသီးတဲ့လောကဒဏ်အကြောင်းကိုမျှဝေလာပါတယ်။ကျမတို့မိသားစုလိုက်ကိုဗစ်ဖြစ်သွားတာရောအတူနေတဲ့မိုးပြည့်ကိုငယ်ငယ်ထဲကထိန်းသိမ်းစောင့်ရှောက်ပြီးအခုကီးလေးကိုပါထိန်းပေးတဲ့အရမ်းချစ်ရတဲ့အဒေါ်ငဗစ်ကြောင့်ဆုံးရှုံးလိုက်ရတယ်။မေမေ့ကိုလဲအခုချိန်ထိအောက်စီဂျင်ပေးပြီးအသက်မနည်းလုခဲ့ရတယ်။ဒီကြားထဲမှာမိုးပြည့်ချစ်ရတဲ့တစ်ချို့ပြည်သူတစ်ယောက်ချင်းစီကလဲရောဂါကပ်ဘေးကြောင့်ရောအခြားအကြောင်းအမျိုးမျိုးကြောင့်ရောအသက်တွေဆုံးရှုံးနေကြရတာကြားသိရတော့ပိုပြီးဝမ်းနည်းခံစားရပါတယ်။

မိုးပြည့်ကိုယ်တိုင်လဲအသက်ရှင်ဖို့မနည်းကြိုးစားရုန်းကန်ခဲ့ရတဲ့အချိန်ဆေးရုံမှာသိလိုက်ရတဲ့အသိတခုကတော့လူတွေကမွေးလာကတည်းကလဲအသက်ရှင်အောင်ကြိုးစားခဲ့ရသလိုသေဖို့ကိုလဲခက်ခက်ခဲခဲနဲ့မသေအောင်ရုန်းထွက်ကြရတယ်သေသွားတော့လဲခံစားရတာတွေပြီးသွားချုပ်သွားပြန်ရောအဲ့တော့အဲ့ဒိနှစ်ခုကြားမှာဖြတ်သန်းနေကြရတဲ့ကျမတို့တွေအသက်ရှင်ကျန်ခဲ့တဲ့သူတိုင်းစိတ်ရောလူရောအရမ်းပင်ပန်းနေကြမယ်ဆိုတာထပ်တူခံစားရပါတယ်။

ဒါပေမဲ့လဲဘဝကိုအရှုံးမပေးပဲရအောင်ပြန်ထကြပါကို့ကိုယ်ကိုအရင်ကထပ်ပိုပြီးတန်ဖိုးထားကြပါခက်ခဲစွာရှင်သန်ရတဲ့ဘဝကြီးကိုလကားမဖြစ်ပါစေနဲ့လူတိုင်းလူတိုင်းကို့ဘာသာနဲ့ကိုယ်ဘာသာရေးတွေပိုလုပ်ကြပြီးကျန်းမာပျော်ရွှင်စွာနဲ့အသက်ရှည်ရှည်နေထိုင်သွားစေချင်မိတယ်မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေကပ်ကြီးသုံးပါးမှလဲကင်းဝေးလွတ်မြောက်နိုင်ကြပါ(ဆရာလုပ်တာမဟုတ်ပါဘူးနော်မိုးပြည့်ရင်ထဲကတစ်ကယ့်စေတနာပါအမှားပါရင်ခွင်လြွှတ်ကြပါနော်)ဆိုပြီးမိုးပြည်ပြည့်မောင်ကမျှဝေလာတာဘဲဖစ်ပါတယ်။

Zawgyi Version




Credit