Cele News

မွေးနေ့လေးမှာ အဖြစ်ချင်ဆုံးဆန္ဒက ဖခင်ကိုအမြန်ဆုံးပြန်လွတ်စေချင်တယ်ဆိုတဲ့ လူမင်း သမီးကြီး ဧရာဝတီ

မွေးနေ့လေးမှာအဖြစ်ချင်ဆုံးဆန္ဒကဖခင်ကိုအမြန်ဆုံးပြန်လွတ်စေချင်တယ်ဆိုတဲ့လူမင်းသမီးကြီးဧရာဝတီ

ပရိသတ်တွေချစ်ခင်အာပေးရတဲ့သရုပ်ဆောင်လူမင်းကတော့အနုပညာနယ်ပယ်မှာလည်းစွယ်စုံရမင်းသားတစ်လက်ဖြစ်သလိုအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားပါသေးတယ်။လူမင်းကတော့ပြည်သူနဲ့အတူအမှန်တရားဘက်ကရဲရဲဝင့်ဝင့်ရပ်တည်ပေးခဲ့ပြီး မတရားဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီနေ့ကတော့သရုပ်ဆောင်လူမင်းရဲ့သမီးကြီးဧရာဝတီရဲ့မွေးနေ့လေးဘဲဖြစ်ပါတယ်။သမီးလေးကတော့မွေးနေ့လေးမှာဖခင်ကိုဘေးနားမှာရှိစေချင်ပြီးမိသားစုအရင်လိုစုံစုံလင်လင်နေချင်နေတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်လူမင်းဖမ်းဆီးခံရတာလည်းငါးလကျော်နေပြီဘဲဖြစ်ပါတယ်။ပရိသတ်တွေကလူမင်းရဲ့သမီးကြီးဧရာဝတီအတွက်မွေးနေ့ဆုတောင်းပေးကြပြီးအရင်လိုမိသားစုပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့လည်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

Zawgyi Version




Credit