Cele News

ဒီးမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းလေးရဲ့ မိခင်ရေးတဲ့စာကို ဖတ်ပြီးဝမ်းနည်းနေတဲ့ G Fatt

ဒီးမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းလေးရဲ့ မိခင်ရေးတဲ့စာကိုဖတ်ပြီးဝမ်းနည်းနေတဲ့ G Fatt

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော် G Fatt ကတော့သားတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့မိခင်ဖြစ်သူရဲ့ရင်ဖွင့်ထားတဲ့စာတွေကိုဖတ်ပြီးဝမ်းနည်းနေပါတယ်။ဒီးမော့ဆိုတိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ သူရဲကောင်းလေးရဲ့မိခင်ကသားတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့မိခင်တစ်ယောက်အနေနဲ့ကြေကွဲမှတ်တမ်းလေးတင်ပါရစေနော်။သားအကြီးဆုံးမို့သားအငယ်နဲ့သမီးလေးထက်အရင်အစစအရာရာ ဦးစားပေးချစ်ခဲ့ရတဲ့သားအမေဓမ္မစကူးလ်ဆရာမဆို သားကဓမ္မစကူးလ်ဆရာအမေကင်းထောက်ဆိုသားကကင်းထောက်ဆရာအမေဆရာမဆိုသားကguide၊အမေစျေးရောင်းရင်သားက modelအမေ့အဝန်းအဝိုင်းလေးကို အား​​ဖြည့်ဂုဏ်တက်စေသူ၊ဘယ်အဖွဲ့အစည်းမှာဘဲရောက်ရောက်လိုက်လျောညီထွေချစ်ခင်အောင်နေတတ်ပြီးအများအတွက်ကူညီဆောင်ရွက်ပေးသူ

ဝါဆိုလပြည့်နေ့ရဲ့လမင်းကြီးနဲ့အတူအမေ့ဘဝထဲဝင်လာပြီး တော်သလင်းလပြည့်နေ့ရဲ့လမင်းကြီးနဲ့အတူအမေ့ကိုချန်ထားပြီး
နုတ်မဆက်ဘဲထွက်သွားသူသူနဲ့ဆက်စပ်ရာပတ်ဝန်းကျင်ကလူတွေကိုလမင်းကြီးပမာအေးမြမှုတွေပေးစွမ်းခဲ့သူ၊အသက်(၂၂) နှစ်တောင်မပြည့်သေးတဲ့အမေ့သားကအာဇာနည်သူရဲကောင်းတဲ့လားကြွေကျတာတောင်လင်းလက်နေတဲ့ကြယ်ပွင့်တဲ့လားတောထဲတောင်ထဲဘယ်သူမှမသိတဲ့နေရာမှာDbတောင်မရဘဲသေဆုံးခဲ့တာတောင်ပြည်တွင်း၊ပြည်ပမီဒီယာ​တွေကနေဖော်ပြပေးတဲ့အထိသားရဲ့ကျဆုံးမှုကိုအသိအမှတ်ပြုခံစေရတဲ့သား

စိုင်းဘုန်းမင်းသန့်မေမေလားကိုစိုင်းရှေ့တန်းမှာလက်နက်ကြီးထိပြီးကျဆုံးပါတယ်လို့ဝင်လာတဲ့ဖုန်းထဲကစ​ကားသံခုထိနားထဲကမထွက်ပါဘူးရုတ်တရက်အသက်ရူတာရပ်သွားသလိုမဟုတ်ဘူး၊မယုံဘူး၊မဖြစ်နိုင်ဘူးလို့ပါးစပ်ကငြင်းဆန်နေရပေမယ့်မတ်တတ်ရပ်နိုင်စွမ်းတောင်မရှိအောင်ပြိုလဲခဲ့ရတာပါဖြစ်စဥ်ကိုကိုယ်ကိုတိုင်သိချင်လို့ခနခနဖုန်းဆက်မေးနေပေမယ့်ဒီအဖြေကိုကိုယ်တိုင်ပြန်နားထောင်ဖို့ကိုသတ္တိမရှိအောင်ကြောက်နေခဲ့တယ်။

သားလေးကိုထားခဲ့ရတယ်လို့ပြောကြပေမယ့်ကူညီမယ်သူတော်ကောင်းနဲ့တွေ့ပြီးကယ်တင်စောင့်ရှောက်ပေးထားပါစေတနေရာရာမှာအသက်ရှင်နေပါဆိုတဲ့ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။သူ့လူတွေလို့ သူအမြဲပြောနေတဲ့သူတွေအတွက်နေဖို့နေရာဆိုAir con ,Wifi ,Water cooler အပြည့်အစုံသွားမလား ကားအဆင်သင့်၊စားချင်တာပြောဦးမလားဒီအမေချက်တာတစ်မျိုး၊ဆိုင်ကဝယ်ကျွေးတာမျိုးစုံမထပ်စေရဘူးဒဏ်ရာရနေလားဆေးကုပေးမယ်၊နေကောင်းတဲ့အထိပြုစုပေးပြီးအိမ်တိုင်ရာရောက်ကားနဲ့လိုက်ပို့ပေးမယ်သူများကိုကူညီပြီဆိုတအားကိုလုပ်ပေးတတ်လို့အမေကပြောတိုင်းမေရယ်ဒါရဲဘော်ရဲဘက်တွေလေလုပ်ပေးရမှာပေါ့တဲ့

တခြားသောကူညီပေးမှုတွေချရေးလို့မကုန်ပါဘူး။ဒီလောက်ကူညီတတ်တဲ့ငါ့သား​လေးကူညီကယ်တင်မယ့်သူမပြောနဲ့ခုထိdb တောင်ယူလို့မရသေးဘူးတဲ့လားလပြည့်ညရဲ့လမင်းကြီးအောက်မှာ တစ်ယောက်တည်းကျန်ခဲ့တယ်တဲ့လားကံကြမ္မာရယ်ရက်စက်လွန်းခဲ့တယ်။သားပြန်လာမယ်နော်လို့အမေ့ကိုကန်တော့ရင်းသားကိုယ်တိုင်ကတိ​ပေးခဲ့တာမကြာသေးပါဘူးနော်အမေငိုတော့အမေ့ကိုပွေ့ဖက်နှစ်သိမ့်ပေးပြီးကျောကိုသပ်လို့အမေ့ပါးကိုနမ်းခဲ့တာခုတော့ နောက်ဆုံးအနမ်းတဲ့လားသားရယ်

အမေ့အလှည့်ကျမှသားကိုနောက်ဆုံးနုတ်ဆက်နမ်းဖို့Dbတောင်မရဘူးတဲ့လားပညာရေးတပိုင်းတစနဲ့သားအိပ်မက်တွအကောင်အထည်မဖော်နိုင်သေးခင်ထွက်သွားရတာအမေတကယ်စိတ်မကောင်းပါဘူးသားရယ်သားရဲ့ယုံကြည်ချက်အတိုင်းလျှောက်လှမ်းခဲ့မှုအတွက်သားရဲ့ကျဆုံးမှုကို တိုင်းသိပြည်သိ ဂုဏ်ပြုနေကြပါပြီနောက်ဘဝမှာလူ့အသက်ကိုတန်ဖိုးထားတဲ့တိုင်းပြည်မှာလူပြန်ဖြစ်ပါစေ၊ လူ့ဘဝရပါစေ သားရေ။အမေ့ထက်ပိုချစ်ပေးမယ့်အမေနဲ့ဆုံဆည်းနိုင်ပါစေအမေ့ထက်ပြည့်စုံအောင်ထားပေးမယ့် မိဘနဲ့တွေ့ဆုံပါစေသားအိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ပြီးမကြွေခင်မှာလင်းလက်တောက်ပတဲ့ ကြယ်ပွင့်အဖြစ်လောကအကျိုးကိုဆောင်နိုင်ပါစေဝမ်းနည်းကြေကွဲရနေရပေမယ့် ဂုဏ်ယူပါတယ်သားလူသာသေတယ်နာမည်မသေခဲ့ပါဘူးအမေ့ရင်ထဲမှာတော့ထာဝရရှင်သန်နေမယ့်သားပါအမေအမြဲချစ်နေမှာပါအမေမမေ့ဘူးနော်သားကိုလွတ်လပ်စွာပျံသန်းလိုက်ပါသားအမေတို့မိသားစုကဝမ်းနည်ကြေကွဲခြင်းများစွားဖြင့်ဂုဏ်ယူလိုက်ပါတယ်သားရယ်။

Credit