Cele News
တစ်ခရီးထဲသွားခဲ့ကြတဲ့ခင်မင်သူ ရဲဘော်​လေးဦးရဲ့ပုံရိပ်တွေကိုမမေ့ကြောင်းပန်းချီရေးဆွဲပြီးဂုဏ်ပြုလိုက်တဲ့ ကိုပေါက်
တစ်ခရီးထဲသွားခဲ့ကြတဲ့ခင်မင်သူရဲဘော်​လေးဦးရဲ့ပုံရိပ်တွေကိုမမေ့ကြောင်းပန်းချီရေးဆွဲပြီးဂုဏ်ပြုလိုက်တဲ့ ကိုပေါက်
ကိုပေါက်ကတော့အားလုံးသိကြတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်၊ကျရာဇာတ်ရုပ်တွေကိုပီပြင်စွာသရုပ် ဆောင်ခဲ့တဲ့ဝါရင့်သရုပ်ဆောင်ကိုပေါက်ဟာဆိုရင်အခုဆိုဒါရိုက်တာတစ်ဦးဖြစ်နေပါပြီ။ဇာတ်လမ်းတစ်ခုလုံးကိုကြီးကြပ်ရိုက်ကူးရတဲ့သူတစ်ပေါ့။ကိုပေါက်ကစိတ်သဘောကောင်းသူဖြစ်ပါတယ်။ဟာသဉာဏ်ရှိသူဖြစ်ပြီးပရိတ်သတ်တွေပျော်စေခဲ့တဲ့သူပေါ့။
နိုင်ငံရေးအ​ခြေအနေကြောင့်ခုဆိုကိုပေါက်ကလွတ် မြောက်နယ်မြေမှာပြည်သူတွေအတွက်ကြိုးစားနေရပါတယ်။မိသားစုရဲ့အဝေးမှာအားလူံးကိုစွန့်လွတ်ပြီးသွားခဲ့ရတာဖြစ်ပါတယ်။စကစရဲ့အာဏာသိမ်းမှု့အပေါ်မှာမလိုလားခဲ့ကြတဲ့တစ်ခြားအနုပညာရှင်ပေါင်းများစွာလဲရှိနေခဲ့ပါတယ်။ကိုပေါက်ကစကစဘက်မှာထိန်းသိမ်းခံထားရတဲ့အနုပညာမောင်နှမတွေကိုအမြဲသတိရနေတယ်လို့သိရပါတယ်။
ထိန်းသိမ်းခံရတဲ့အထဲနာမည်ကြီးအနုပညာရှင်များဖြစ်တဲ့လူမင်း၊ပြေတီဦး၊အိန္ဒြာကျော်ဇင်၊ပိုင်တံခွန်တို့ကိုမမေ့ကြောင်းပြောပြထားပါတယ်။”ဒါရိုက်တာကိုပေါက်ကတစ်ယောက်ကအစ်ကိုလို၊တစ်ယောက်ကသူငယ်ချင်း၊တစ်ယောက်ကညီမလို၊တစ်ယောက်ကညီလို၊တစ်လှေတည်းစီးတစ်ခရီးတည်းသွားကြရင်းခရီးတစ်ထောက်မှာသူတို့တွေဒါဏ်ရာဗရပွနဲ့ကျန်ရစ်ခဲ့ကြတယ်။”ဆိုပြီးအောက်မေ့စွာနဲ့ရေးသားလာခဲ့ပါတယ်။သူတို့တွေအတွက်ပုံတူပန်းချီလေးနဲ့အတူဂုဏ်ပြုထားပါသေးတယ်။သူတို့တွေအတွက်ကိုပေါက်ရဲ့စိတ်ပူပန်မူ့ကိုရေးဆွဲထားတဲ့ပန်းချီပူံလေးတွေကိုကြည့်ရင်းသိနိုင်ပါတယ်နော်။ဖတ်ရှု့ခဲ့လို့ကျေးဇူးပါ။
Zawgyi
Credit