Cele News

အနာဂတ်တွေပျောက်ဆုံးပြီး တော်လှန်ရေးလုပ်ရင်းအသက်တစ်နှစ်ကြီးသွားခဲ့ပြီဆိုပြီးပြောလာတဲ့ လွတ်မြောက်နယ်မြေရောက် သီဟထွန်း

အနာဂတ်တွေပျောက်ဆုံးပြီးတော်လှန်ရေးလုပ်ရင်းအသက်တစ်နှစ်ကြီးသွားခဲ့ပြီဆိုပြီးပြောလာတဲ့လွတ်မြောက်နယ်မြေရောက်သီဟထွန်း

MRTV 4 မင်းသားတစ်လက်ဖြစ်တဲ့သီဟထွန်းကတော့ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးလူသိများအောင်မြင်လာတာဘဲဖြစ်ပါတယ်။သရုပ်ဆောင်သီဟထွန်းကလူထုလှုပ်ရှားမှုကြီးမှာပြည်သူနဲ့အတူရပ်တည်ခဲ့ပြီးဒူးမထောက်နောက်မဆုတ်ဘဲလွတ်မြောက်နယ်မြေကိုသွားရောက်ကာဆက်လက်တော်လှန်နေတာလည်းဖြစ်ပါတယ်။ဒီနေ့ကျရောက်တဲ့မွေးနေ့လေးမှာလွတ်မြောက်နယ်မြေမှဖြတ်သန်းရင်းအခုလိုရင်ဖွင့်လာပါတယ်။

မအလကြောင့်ဒီနှစ်မွေးနေ့ကမိဝေးဖဝေးချစ်ရတဲ့သူတွေနဲ့အဝေးမှာ တော်လှန်ရေးနဲ့အတူရည်ရွယ်ချက်ခံယူချက်တူတဲ့မိတ်ဆွေအသစ်တွေနဲ့အခက်ခဲကြားမှာကျော်ဖြတ်ရတဲ့၂၉နှစ်ပြည့်မွေးနေ့အမှတ်တရပါပဲ။ဒီနှစ်မွေးနေ့မှာအလိုချင်ဆုံးဆုကတော့ကိုယ်အပါဝင်အိမ်နဲ့ဝေးနေတဲ့သူတွေ ကိုယ့်အိမ်ကိုယ့်ယာကို့လုံခြုံစွာလွတ်လပ်စွာနဲ့ပြန်ရဖို့ တော်လှန်ရေးအောင်မြင်ပြီးဒီမိုကရေစီအမြန်ဆုံးပြန်ရဖို့ပါပဲ။

အားလုံးလည်းဒီနှစ်ရဲ့မွေးနေ့လက်ဆောင်အဖြစ် တော်လှန်ရေးအတွက်အားတက်သရောအဖက်ဖက်ကနေပါဝင်ပြီးလက်ဆောင်အဖြစ်ပေးဖို့ပဲတောင်းဆိုပါရစေနော်။နှစ်တိုင်းသတိတရမွေးနေ့ဆုတောင်းပေးကြတဲ့သူငယ်ချင်းတွေ၊အခုချိန်ပြေးရပုန်းရနဲ့ ဘာမှအချိန်ပေးပြီးမလုပ်ပေးနိုင်ပေမယ့်လည်းချစ်ခင်အားပေးမြဲအားပေးဆဲဖြင့် မွေးနေ့ဆုတောင်းပေးကြသောအမာခံပရိတ်လေးများအားလုံးကို့ အရမ်းလည်းသတိရသလိုကျေးဇူးလည်းအများကြီးတင်ပါတယ်နော်။မနေ့ကတစ်နေကုန်မအားတာနဲ့ အခုမှပဲပိုစ့်တင်နိုင်တော့တယ်။

Zawgyi version




Credit